တရုတ်ဘောလုံး အဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ ဘရာဇီးလ်၊ နယူးဇီလန်၊ အိမ်ရှင်တရုတ်နှင့် မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်းများ ပါဝင်ယှဉ်ပြိုင်မည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း သွားရောက်ယှဉ်ပြိုင်မည် ဖြစ်ပါတယ်။ အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) အမျိုးသမီး ဘောလုံးပြိုင်ပွဲ အတွက် ကြိုတင်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအတွက် အဆိုပါ ဖိတ်ခေါ်ပြိုင်ပွဲသည် အကျိုးရှိသော အခွင့်အရေး တစ်ရပ်ဖြစ်ပြီး လာမည့် နိုဝင်ဘာ ၄ ရက်နေ့မှ ၁၂ ရက်နေ့အထိ တရုတ်နိုင်ငံ ချုံကင်းမြို့တွင် ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ ဘရာဇီးလ် အသင်းသည် ဖီဖာ ကမ္ဘာ့အဆင့် ၁၀၊ တရုတ်အသင်းသည် အဆင့် ၁၆၊ နယူးဇီလန် အသင်းသည် အဆင့် ၂၃ နှင့် မြန်မာ အသင်းသည် အဆင့် ၄၆ ဖြစ်ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း ကမ္ဘာ့အဆင့် ပိုမြင့်မားလာရေး အတွက်လည်းကောင်း၊ ဆီးဂိမ်းစ် အတွက် ပြင်ဆင်မှုအဖြစ်လည်းကောင်း များစွာအကျိုးရှိသည့် ပြိုင်ပွဲလည်းဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

China Cup ပြိုင်ပွဲအပြီးတွင် မြန်မာအမျိုးသမီး အသင်းသည် ဘေကျင်းမြို့တွင် ပူးတွဲလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်မည် ဖြစ်ပြီး တရုတ်အမျိုးသမီးလိဂ် ကလပ်အသင်း ၂ သင်းနှင့် ခြေစမ်းပွဲ ၂ ပွဲ ကစားမည်ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင် လေ့ကျင့်နေစဉ်အတွင်း နိုဝင်ဘာ ၂၀ ရက်နေ့တွင် တရုတ်(တိုင်ပေ) အသင်းနှင့် ဆီးဂိမ်းစ် အကြိုခြေစမ်းပွဲအား ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ်ပါတယ်။

photo credit : MFF 's facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။