အတက်ကျဆေး - မိခင်ကတက်နေတဲ့အတွက် အတက်ကျဆေးပေးကို ပေးရပါမယ်...။ အတက်ကျဆေးတွေထဲမှာတော့ မဂ္ဂနီဆီယမ်ဆာဖိတ် (MgSo4) က အသင့်တော်ဆုံးလို့ ပြောရမယ်...။ ဒီဆေးဟာ သွေးကြောကျယ်စေတာမို့ ဦးနှောက်ကို သွေးအရောက်နည်းတာတွေကိုလည်းလျော့နည်း သက်သာစေပါတယ်...။ အာရုံကြောတွေ၊ ကြွက်သားတွေကို ပြေလျော့စေပြီး သွေးပေါင်ယာယီကျစေတဲ့ အာနိသင်ရှိပါတယ်...။ ဒါ့အပြင် ဗိုက်ထဲက သန္ဓေသားဘဝမှာရော၊ မွေးလာမယ့် မွေးကင်းစအခြေနေထိပါ ဘေးကင်းစိတ်ချရတဲ့ ဆေးဖြစ်ပါတယ်...။

photo credit pngtree

ဆေးကို ဘယ်လောက်ပေးရမလဲဆိုတော့....စစချင်း ၄ဂရမ်ကို ဆယ့်ငါးမိနစ်ကြာအောင် ဖြည်းဖြည်းသွင်းပြီးမှ တစ်နာရီကို တစ်ဂရမ်နှုန်းနဲ့ ဆက်ထိန်းထားရမှာပါ...။ ဒါကို နောက်ဆုံးတက်ပြီး၂၄ နာရီကြာဖြစ်စေ၊ ကလေးမွေးပြီးတဲ့အထိ ဖြစ်စေ သွင်းပေးရပါတယ်...။ တကယ်လို့ ဒီလိုဆေးသွင်းနေတဲ့ကြားက ထပ်တက်ရင်တော့ မဂ္ဂနီဆီယမ်ဆာဖိတ် ၂ ဂရမ်ကို ဆယ့်ငါးမိနစ်ကြာအောင် ဖြည်းဖြည်းထပ်သွင်းဖို့လိုအပ်ပါတယ်....။ ဒီဆေးသွင်းပေးတာက တက်တာကို ထိန်းနိုင်တဲ့အပြင် နောက်ထပ် မတက်တော့အောင်လည်း ကာကွယ်စေနိုင်ပါတယ်...။ တစ်ခု သတိထားရမှာကတော့ မဂ္ဂနီဆီယမ်ဆာဖိတ်သွင်းရင်း ဆေးဆိပ်တက်လာမှာကို သတိထားစောင့်ကြည့်နေရမှာပါ...။ ဆေးဆိပ်တက်တဲ့ လက္ခဏာတွေကတော့ Knee Jerk ပျောက်သွားမယ်၊ ဆီးသွား သိသိသာသာ နည်းသွားမယ်၊ အသက်ရှူတာနှေးသွားမယ်...။

photo credit pngtree

ဒီလို လက္ခဏာတွေ ပေါ်လာပြီဆိုရင်တော့ ဆေးသွင်းတာကို ချက်ချင်းရပ်ပြီး ဖြေဆေး (ကယ်လ်စီယမ်ဂလူးကိုးနိတ်- 10 % Calcium Gluconate) ကို ၁၀ မိနစ်ကြာအောင် ပေးရပါမယ်...။တကယ်လို့ မဂ္ဂနီဆီယမ်ဆာဖိတ်မပေးချင်ရင် ဒိုင်ယာဇီပင်န် ပေးလို့ရပါတယ်...။ သူ့ကိုတော့ ၁၀ မီလီဂရမ်ကို နှစ်မိနစ်ကြာအောင် ဖြည်းဖြည်းသွင်းပြီးမှ စလိုင်း တစ်ဗူးထဲ ၄၀ မီလီဂရမ် ဖျော်ထည့်ပြီး လူနာမှေးစင်းငြိမ်ကျသွားအောင် ပေးရမှာပါ...။ ဒါကိုမှထပ်တက်ရင်တော့ ဒိုင်ယာဇီပင်န် ၁၀ မီလီဂရမ်ကို ထပ်ပေးရမှာဖြစ်ပါတယ်...။ ဒါမှမဟုတ်လည်း Thiopentone မေ့ဆေး ၅၀ မီလီဂရမ် ပေးကြပါတယ်...။ မဂ္ဂနီဆီယမ်ဆာဖိတ်နဲ့ မတည့်တဲ့သူတွေ၊ မဂ္ဂနီဆီယမ်ဆာဖိတ်ပေးလို့မရတဲ့သူတွေ ဥပမာ နှလုံးရောဂါ ကျောက်ကပ်ရောဂါ၊ တချို့သောသွေးကျဆေးအမျိုးအစား (Calcium channel blocker ) သောက်နေသူတွေ ဆိုရင် Diazepam ပေးလေ့ရှိပါတယ်။ ကြွက်သားတွေ ပြေလျော့အောင် ဆေးပေးတာကလည်း ထပ်မတက်အောင် ကာကွယ်ပေးပါတယ်။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ “မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား အပိုင်း ၅" ကျန်းမာရေးဆောင်းပါးမှ ကိုယ်ဝန်ဆောင်အတက်ရောဂါ ဖြစ်လျှင် အတက်ကျဆေး ဘယ်လိုတိုက်ရမလဲ ဆိုတာကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။