ပရိသတ်တို့ရေ....တိရိစ္ဆာန်တွေနဲ့ လူတွေဆိုတာ တစ်ယောက်အပေါ်တစ်ယောက် အမှီသဟဲပြုပြီးလောကမှာ ကျင်လည်နေကြရတာပါနော်။ လူအချို့ဟာ တိရိစ္ဆာန်တွေကို ပိုးမွေးသလိုမွေးပြီး သူတို့နဲ့ သူငယ်ချင်းတွေအဖြစ်သတ်မှတ်ကြပေမယ့် လူအချို့ကတော့ ခိုင်းစားဖို့နဲ့ အကျိုးအမြတ်ရဖို့ မွေးမြူကြပါတယ်။ ဒါကလည်း အပြစ်တစ်ခုလို့မဆိုသာပေမယ့် လူတွေလောက်အသိဉာဏ်မရှိတဲ့ တိရိစ္ဆာန်တစ်ယောကို အပြစ်ဖို့ပြီး သတ်ပစ်ဖို့ကြိုးစားတာကတော့ မကောင်းတာအမှန်ပါပဲနော်။ ဒီအဖြစ်အပျက်လေးကတော့ ဆပ်ကပ်မှာ လိုသလိုစေခိုင်းတာကိုခံနေရတဲ့ ဆင်မကြီးတစ်ကောင်ရဲ့ဆိုးရွားတဲ့ ကံကြမ္မာအကြောင်းပဲဖြစ်ပါတယ်။

Photo Source: Pngtree

Mary ဆိုတာ ၅တန်ခန့် လေးတဲ့ အာရှက ဆင်မကြီးတစ်ကောင်ပါ။ 1916 ခုနှစ်မှာတော့ Kingsport ကမ္ဘာ့ အဆင့် ဆပ်ကပ်ပြပွဲကြီးမှာ ပြသနေနတုန်း သူ့ကို သင်ကြားပေးခဲ့တဲ့ ဆင်ထိန်း ကို လူပုံအလည်မှာ သတ်ပစ်လို့ ဆိုပြီး ဆင်မကို ကြိုးမိန့်ပေးကာ ကွက်မြက်ခဲ့ပါတယ်နော်။ တစ်ချို့ လူတွေ အကျင့် ကဒီလိုပါဘဲ တိရိစ္ဆာန်တွေကို အသုံးချမယ် မရရင် နှိပ်ကွတ် ကြပါမယ် ဆိုတာချည်းပါပဲနော်။

Photo Source: Pngtree
Photo Source: သံ ဇဉ် မိုးဇတ်

ယနေ့အချိန်မှတော့ာ အာဖရိက တိုက်တစ်တိုက်ထဲမှာတင် တစ်ရက်ကို ဆင်အကောင်ရေပေါင်း ၁၀၀ခန့်လောက်ကို နေ့စဉ်သေဆုံးနေကြရပါတယ်။ ဒါကြောင့် ကြာလာရင် ဆင်တွေအကုန် မျိုးတုန်းသွားနိုင်ပါတယ်နော်။ သနားစရာကောင်းလှတဲ့ Mary ဆင်မကြီးလိုမျိုး အဖြစ်ကို နောက်ထပ်တစ်ခါ ဘယ်တော့မှထပ်မဖြစ်ရအောင် လူတွေပဲထိန်းသိမ်းရမှာ ဖြစ်ပါတယ်နော်။ တစ်ခုခုဆို တိရစ္ဆာန်တွေကို အပြစ်ဖို့တာထက် သိထားရမာတစ်ခုက တိရိစ္ဆာန်ဆိုတာ လူတွေလောက် အသိဉာဏ်မရှိနိုင်ဘူးဆိုတာပါပဲ...

Photo Source: Pngtree

Source : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။