ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အာရှယူ၁၉အမျိုးသမီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ရန်ရှိနေသည့် မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းတို့သည် ယနေ့ (စက်တင်ဘာ ၂၅ရက်) ညနေပိုင်းက ဗဟန်းမြက်ခင်းတုကွင်း တွင် ခြေစမ်းပွဲယှဉ်ပြိုင် ကစားခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

ယင်းခြေစမ်းပွဲသည် အပြန်အလှန် သွင်းဂိုးများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် လက်ရွေးစင်အမျိုးသမီးအသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် က လာရောက်ကြည့်ရူအားပေးခဲ့ပြီး ပွဲအပြီးတွင် နှစ်ဖက် အသင်းမှ နည်းပြများနှင့် ကစားသမားများကို အားပေးစကားများ ပြောကြားခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

ဆီးဂိမ်းပြိုင်ပွဲမတိုင်ခင် မြန်မာလက်ရွေးစင်အသင်းဟာ တရုတ်ဘောလုံး အဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ ဘရာဇီးလ်၊ နယူးဇီလန်၊ အိမ်ရှင်တရုတ်နှင့် မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်းများ ပါဝင်ယှဉ်ပြိုင်မည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မည် ဖြစ်ပါတယ်။

source: MFF ' s facebook 

photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။