ဆိုက်ဘေးရီးယား ဒေသ Oymyakon နှင့် Verkhoyansk တို့တွင် Jan လ၌ အနိမ့် ဆုံး အပူချိန် -65 ံF အထိကျဆင်းသွားကာ ကမ္ဘာ့ အအေး ဆုံးဒေသ လို့တောင် ခေါ်နိုင်ပါတယ်။ ဒီလို အချိန်ကြာမြင့် စွာ နေရောင်ခြည် ကို ကောင်းကောင်း မမြင်ရတော့ ဘဲ အမြဲတမ်း မဲမှောင် နေသောကြောင့် လူမမယ် ကလေးတွေကျန်းမာရေး အတွက် အင်္ကျီချွတ်ပြီး ခရမ်းလွန်ရောင်ခြည် (Ultraviolet) ပေးပြီး ကုသ ပေးရပါတယ်။ ယနေ့ အချိန် အထိ ဒီလိုမျိုး ကုသပေးနေတုန်းလားဆိုတာ မသိရတော့ပါဘူး..

Photo Credit : Once A Glance Page

အရင်တုန်းက အခုလို အဲကွန်းခေတ် မရှိခင်တုန်းက အမေရိကန် နိုင်ငံ Capitol Lawn မှာ အပူလှိုင်း တစ်ခုဖြတ်သွားခဲ့ပါတယ်။ အပူလှိုင်းကြောင့် ည အပူချိန် 32.7 ံC ဖြစ်ပြီး နေ့အပူချိန် 46 ံ C အထိရောက်ခဲ့ သောကြောင့် လူတွေဟာ ညပိုင်းမှာ အိပ်မရခဲ့ကြပါဘူး။ ယောကျ်ား ၊မိန်းမ၊အကုန်နီးပါး အဆောက် အဦးတွေပေါ်က ဆင်းပြီး လမ်းတွေပေါ်က မြက် ခင်းတွေပေါ်မှာ အခုပုံထဲမှာ မြင်ရတဲ့အတိုင်း အိပ်ခဲ့ ရကာ ဒီ ဓာတ်ပုံလေးဟာ သမိုင်းဝင် ဓာတ်ပုံ ဖြစ်ခဲ့ရပါသည်။ 25 Jul 1936

Photo Credit : Once A Glance Page

1962 တွင် လင်ကွန်း တိရိစ္ဆာန် ဥယဉ်ထဲမှာ နေထိုင်တဲ့ Tusko အမည်ရှိဆင်ကို ဆင်မှုံယို စဉ် ထိန်းသိမ်းနိုင်သည့် စမ်းသပ်မှုအား ပြုလုပ်လိုတာကြောင့် ဆေးပညာရှင်များဟာ လူတွေ ကို ဆေးကုသပေးရာတွင် သုံးတဲ့ LSD မူးယစ်ဆေး အား အဆ ၃၀၀၀ ခန့် ထိုးသွင်းပြီး စမ်းသပ်ကြည့်ရာ ဆင်ကြီးမှာ ဆေးဒဏ်ကို မခံနိုင်ရှာပဲ ပွဲခြင်း ပြီး သေဆုံးခဲ့ပါတယ်။ ဆင်ကြီးကို ထိုးသွင်းလိုက်တဲ့ မူးယစ်ဆေးဆိုတာ lysergic acid diethylamide LSD အမည်ရပြီး အလွန် စွမ်းအားပြင်းတဲ့ မူးယစ်ဆေး တစ်မျိုးပဲ ဖြစ်ပါတယ်။

Photo Credit : Once A Glance Page

Source : Once A Glance Page

Photo Credit : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။