ပရိသတ်တို့ရေ.... ကမ္ဘာဆိုတာဟာ အံ့သြစရာတွေ ပြည့်နှက်နေတဲ့ ဂြိုလ်တစ်လုံးလို့ဆိုရမယ်။ လူတွေ အတော်များများ မသိသေးတဲ့ အရာတွေနဲ့ ထူးထူးခြားခြား အဖြစ် အပျက်တွေဆိုတာဟာ နေ့စဉ်နဲ့ အမျှဖြစ်ပွားလို့နေပါတယ်နော်။ ဒီလိုပါပဲ ရိုးရာဓလေ့တွေနဲ့ သမိုင်းကြောင်းအချိုပဟာဆိုရင်လည်း လူတွေကို ပါးစပ်အဟောင်းသားဖြစ်စေနိုင်ပါတယ်နော်။ ဆိုတော့ လူသားတွေအတွက် တကယ့်ကို ဗဟုသုတတွေ အပြည့်ပေးနိုင်တဲ့ ကမ္ဘာပေါ်က ထူးထူးခြားခြား အရာလေးတွေကို လေ့လာကြည့်ရအောင်နော်.....

(1) မပုပ်သိုးမယ့်အလောင်းကောင်

အမေရိကန် မှ နယ်မြေခံတွေဟာဆိုရင် လူတွေရဲ့ ရုပ်ကြွင်းတွေကို မပုတ်မသိုးစေဖို့အတွက် မီးခိုးကြပ်တိုက် လေ့ရှိပါသတဲ့နော်။ အခုမြင်နေရတဲ့ ပုံဟာလည်း အဲ့ဒီဓလေ့ ကို 1910 ခုနှစ်က မှတ်တမ်းတင်ထားခဲ့တဲ့ပုံပဲဖြစ်ပါတယ်နော်။

Photo Source : သံ ဇဉ် မိုးဇတ်

(၂) လမ်းဘေးမှာပုံပြီး အရောင်းခံနေရတဲ့ မံမီအလောင်းတွေ

ယနေ့ခေတ်မှာ မံမီရုပ်အလောင်းတွေဟာ တကယ့် သမိုင်းဝင် အဖိုးတန်တွေဖြစ်နေပေမယ့်1865ခုနှစ် တုန်းကတော့ အီဂျစ်မှာ ဒီလို မံမီရုပ်အလောင်းတွေကို လမ်းဘေးပျံကျဈေးသည်တွေက ဒီလိုမျိုးကဲ့သို့ ရောင်းချခဲ့ပါသတဲ့။

Photo Source : သံ ဇဉ် မိုးဇတ်

(၃) ဘာမြူဒါတောအုပ်လေလား?

ရူမေးနီယားနိုင်ငံမှာ တောအုပ်တစ်ခု ရှိပါတယ်။ ဒီတောအုပ်ဟာ ဘာမြူဒါတြိဂံလိုမျိုး လှို့ဝှက်ချက်တွေ ရှိတယ်လို့ နာမည်ကြီးလို့နေပါတယ်။Hoia Bacui အမည်ရှိတဲ့ ဒီ တောအုပ်ဟာ လူတွေထူးဆန်းစွာ ပျောက်ဆုံးခဲ့တာတွေ လျှပ်စစ် ပစ္စည်းတွေကို တောအုပ်ထဲ ယူသွားရင် အလိုလို ရပ်တန့်သွားတာတွေနဲ့ UFOတွေကို မကြာခဏ မြင်တွေ့ရတာတွေကြုံရတတ်ပါတယ်။

Photo Source : သံ ဇဉ် မိုးဇတ်

(၄) ကြိုးမဲ့ လျှပ်စစ်

ဒါကတော့ Nikola Tesla ကို သူ၏ စမ်းသပ်ခန်း အတွင်းတွေ့ရတဲ့ပုံပဲဖြစ်ပါတယ်။ သူဟာ အဝေးထိန်း လျပ်စစ်ပစ္စည်း/ခေတ်သစ်လျပ်စစ် AC current / မော်တာ လျပ်စီးပါတ်လမ်း /လျပ်စစ် စက်ကွင်း တွေကို တီထွင် သူအဖြစ်နာမည်ကြီးခဲ့ပါတယ်။ ( စကားချပ်။ Project ဟာအကြောင့်အမျိုးမျိုးကြောင့်ရပ်တန့်ခဲ့ရပါသတဲ့။)

Photo Source : သံ ဇဉ် မိုးဇတ်

(၅) ကားပါးကင်အောက်က ဟစ်တလာရဲ့ ကျဆုံးခန်း

ပုံမှာ မြင်ရတာကတော့ဟစ်တလာ သေဆုံး ခဲ့တဲ့ ဘန်ကာပဲဖြစ်ပါတယ် ။ ဘာလင်မြို့မှာတည်ရှိတာပဲဖြစ်ပါတယ်။ ယနေ့ အချိန်မှာတော့ ဘာရုပ်ထုမှ မထားဘဲ ကားပါကင် ပြုလုပ် လိုက်ပါသတဲ့ ပရိတ်သတ်တို့ရေ...

Photo Source : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။