PHOTO CREDIT - SUMAIL TWITTER

Ti 9 အပြီးမှာတော့ ငါးနှစ်လောက်ဆော့လာတဲ့ Evil Geniuses အသင်းကနေ ထွက်ခွာခဲ့တဲ့ Sumail ရဲ့အကြောင်းဟာ တော်တော်လေး စိတ်ဝင်စားသူများပြားနေခဲ့တာ တွေ့ရပါတယ်။

Sumail အနေနဲ့ Team Liquid က players ဟောင်းတွေဖြစ်တဲ့ kuroky တို့ Miracle တို့နဲ့ အသင်းဖွဲပြီး ကစားသွားမလား ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်နေသလို Sumail မှာ EG ကထွက်ခွာလာခဲ့အပြီးမှာ Team Secret ကိုသွား join ခဲ့တယ်ဆိုတဲ့ ကောလဟာလတွေကလည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း OG အသင်းဟာ အသင်းရဲ့ carry ဖြစ်တဲ့ Ana နဲ့ mid player ဖြစ်တဲ့ Topson တို့ဟာ အနားယူနေတာဖြစ်တဲ့အတွက် Sumail အနေနဲ့ OG ကိုရောက်သွားမလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

Sumail အနေနဲ့ဆိုရင်လည်း EG ကနေ ထွက်ခွာပြီးထဲက Pubic match တွေမှာ သူ့ရဲ့အကိုဖြစ်သူ Yawar , CCnC , MSS , SVG တို့နဲ့အတူ တွဲဆော့နေပြီး ဒီ line up နဲ့ပဲ Sumail ဟာ အသင်းသစ်ဖွဲ့ပြီး DPC season မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။

လက်ရှိအချိန်ထိလည်း Sumail ဟာ သူဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်းနဲ့ပတ်သတ်ပြီး ဘာမှာပြောကြားခြင်းမရှိသေးတာကြောင့် သူ ဘယ်အသင်းရောက်ပြီး ဘယ် players တွေနဲ့ ပြန်ပေါ်လာမလဲဆိုတာက စိတ်ဝင်စားစရာကောင်းလွန်လှပါတယ်။

AAAAA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။