ပရိသတ်တို့ရေ... ဒီတစ်ခါပြောပြမှာကတော့ သိပ္ပံပညာဆိုတာကြီးကို ပိုပြီးတော့လေးနက်စေခဲ့တဲ့အပြင် ခေတ်သစ်နည်းပညာတံခါးကြီးကို ဖွင့်လှစ်ပေးခဲ့တဲ့ သိပ္ပံပညာရှင် ဂုရုကြီး အိုင်းစတိုင်းရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အိမ်ထောင်ကွာရှင်းမှုအကြောင်းပဲဖြစ်ပါတယ်နော်။ ဒီလိုထက်မြက်ပြီးတော်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ရဲ့ အိမ်ထောင်ရေးကွားရှင်းပြတ်စဲမှုဟာလည်း အခြားလူတွေနဲ့မတူဘဲ တမူထူးခြားတာကြောင့် ဗဟုသုတဖြစ်ဖွယ် ပြန်လည်မျှဝေလိုက်ပါရစေနော်။

Photo Source: Pngtree

စီးပွားရေးနိုဘယ်ဆုရှင် ရောဘတ်လူးကတ်စ်ဟာ သူ့ရဲ့ နိုဘယ်ဆုကြေးတစ်ဝက်ကို ဇနီးဟောင်းဖြစ်သူအတွက် ကွာရှင်းကြေးအဖြစ်ပေးခဲ့ပေမယ့် သိပ္ပံပညာရှင် နိုဘယ်ဆုရှင်ကြီးအိုင်စတိုင်းကတော့ သူရရှိမယ့် နိုဘယ်လ်ဆုကြေးအားလုံးကို ဇနီးဟောင်းအားပေးအပ်ဖို့ သေဘာတူခဲ့ပါသတဲ့။ အိုင်စတိုင်းဟာ ဇနီးဖြစ်သူ မီလီဗာ မာရစ်ခ်နဲ့ ၁၉၁၉ ခုနှစ်မှာ ကွာရှင်းခဲ့စဉ်တုန်းက သူနိုဘယ်လ်ဆုရရှိခဲ့ရင် ဆုကြေးငွေအားလုံးကို ဇနီးဟောင်းက ပိုင်ဆိုင်ရမှာဖြစ်ကြောင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

Photo Source: Pngtree

စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်ကတော့ အိုင်စတိုင်းဟာ ၁၉၂၁ ခုနှစ်အထိ နိုဘယ်လ်ဆုကို မရရှိခဲ့တာပဲဖြစ်ပါတယ်။ဒါပေမယ့် ပြောရမယ်ဆိုရင်တော့ အိုင်စတိုင်းဟာ ရောဘတ်လူးကတ်စ်ထက် ပိုမိုအကောင်းမြင်တတ်တဲ့သူလို့ ဆိုရမှာပဲဖြစ်ပါတယ်နော်။ ကဲ... သူရရှိခဲ့တဲ့ နိုဘယ်ဆုကြေးအားလုံးကို သူနဲ့ ကွာရှင်းသွားပြီးဖြစ်တဲ့ ဇနီးသည်အတွက် ရက်ရက်ရောရောပေးခဲ့တဲ့ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းကတော့ တကယ့်ကို အံ့သြစရာပါပဲနော်....

Photo Source: Pngtree

Source : မောင် သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။