Photo credit - Virtus Pro facebook

ရုရှား ဝက်ဝံတွေလို့ လူအများသိကြတဲ့ VP အသင်းကတော့ DPC seson မှာဆိုရင် performance ကောင်းတွေပြသနိုင်ပြီး Ti ရောက်လာရင် performance တွေထင်သလောက် မကောင်းတော့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ Ti 9 တုန်းကဆိုရင်လည်း VP ဟာ DPC points ဒုတိယအများဆုံးနဲ့ TI ကိုဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် သူတို့ရဲ့ ခရီးလမ်းဟာ သာယာချောမွေ့ခဲ့ခြင်း မရှိခဲ့ပါဘူး။

VP အသင်းက players တွေအနေနဲ့လည်း အကောင်းဆုံး ဆော့ကစားခဲ့ကြပေမယ့် ပြိုင်ဘက်အသင်းတွေရဲ့ ကောင်းမွန်တဲ့ Teamwork တွေနဲ့ အမှတ်မထင်လုပ်မိတဲ့ အမှားလေးတွေကြောင့်ပဲ လမ်းခုလတ်တနေရာမှာတင် Ti ကနေ ထွက်ခွာခဲ့ရပါတယ်။

Ti 9 မှာနောက်ဆုံးဆော့ခဲ့ရတဲ့ PSG.LGD အသင်းနဲ့ ဆော့တဲ့ပွဲအပြီးမှာ ဆိုရင်လည်း အရှုံးကိုလက်ဝယ်ပိုက်ပြီး အိမ်ပြန်ရတော့မယ့် အသင်းဖော်တွေအချင်းချင်း အပြစ်တင်တာတွေလည်း ရှိခဲ့ကြပါတယ်။

Ti 9 အပြီးမှာတော့ Vp အသင်းရဲ့ roster ဟာ ပြိုကွဲသွားခဲ့ပြီး offlane player ဖြစ်တဲ့ 9pasha ဟာ အသင်းကထွက်ခွာသွားခဲ့သလို carry player ဖြစ်တဲ့ Ramzee ကလည်း အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

လက်ရှိအချိန်ထိတော့ Vp အသင်းဟာ သူတို့ရဲ့ roster အသစ်ကို ကြေညာခဲ့ခြင်း မရှိသေးပေမယ့် Ti 9 တုန်းကရိုက်ကူးထားခဲ့တဲ့ သူတို့ရဲ့ Documentary video လေးကို တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒိယိုလေးဟာဆိုရင်လည်း VP က်ု တကယ်အားပေးတဲ့ ပရိသတ်တွေ တကယ့်ကြည့်သင့်တဲ့ ဗီဒီယိုလေးတစ်ခုဖြစ်တာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။

Source – Virtus.pro Facebook

orginal Link > https://www.facebook.com/www.virtus.pro/posts/2544450178952867?__xts__[0]=68.ARC4dCGcoWy19vlMW71MSFTLQfOlSNEnfGXdsOHsA_VcpAH2aWBKwxEPc-ttHA-TFQ8eInDS21kssGrJTDyvrSHzes9E6NCe0Y_WQIIWvbbCI4O5VbTPciHuapAhTgDHqJJXepcwATlfb3eUZizEUv2UHO_0dDCgtHytiokQa8j4HoQxJZXu6Jbj-20QPcSYnP10X6yyc-0WHSFSO69BCd_2-rtGPUggZ9bWnD3T18AANoWSzktfqxpzm9H8SoWY99nLmr4kKTQFB35AMj4B0WwQllTWDoz98FkQsOxxiUnMS2ZYJFh7G3hpb3jTLLNHeYafTrPRm9oJa3BwV5G8rOGL1g&__tn__=-R

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။