ပရိသတ်ကြီးကို ဒီတစ်ပါတ်မှာ "မောင်နှမချင်း သင့်မြတ်စွာကြီးပြင်းလာစေရန် မိဘတွေအနေနဲ့ ဘယ်လိုပြုစုပျိုးထောင်ပေးရမလဲ" ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ အကြံဉာဏ်ပေး ဆွေးနွေးတင်ဆက်သွားမှာဖြစ်ပါတယ်...။ ဘယ်မိဘမဆို ကိုယ့်သားသမီးဘယ်နှယောက်ပဲရှိရှိ အားလုံးကို တန်းတူညီမျှစွာ ချစ်ခင်ကျွေးမွေး စောင့်ရှောက်ပေးလျက်ရှိတာဖြစ်ပါတယ်....။ တစ်ဦးတည်းသော သား၊ သမီးတွေက မိဘရဲ့ အချစ်တွေကို အကုန်ရကြတယ်လို့ ထင်ကြပေမယ့် မွေးချင်းရှိတဲ့ သား၊ သမီးတွေမှာတော့ သူ့ကိုပိုတယ်၊ ငါ့ကိုလိုတယ်ဆိုတဲ့ သေးမွှားတဲ့ စိတ်ခံစားချက်တွေကနေ တဖြည်းဖြည်း ကြီးမားတဲ့ အစိုင်အခဲ ဖြစ်လာနိုင်တာမလို့ မိဘတွေအနေနဲ့ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်...။

photo credit pngtree

မိဘတွေ အနေနဲ့ ငယ်စဉ်ကတည်းက မောင်နှမချင်း သင့်မြတ်အောင် ပြုစုပျိုးထောင်ပေးမှသာလျှင် အရွယ်ရောက်ကြီးပြင်းလာတဲ့အခါမှာ ချစ်ခင်သင့်မြတ်နေမှာဖြစ်ပါတယ်....။ အငယ်ဖြစ်ဖြစ်၊ အကြီးကြီးဖြစ်ဖြစ် မိဘတွေအနေနဲ့ တူညီစွာ ချစ်ခင်ပေးဖို့တော့ လိုအပ်ပါတယ်...။ အကိုကြီးကို ကစားစရာ ပစ္စည်းဝယ်ပေးမည်ဆိုလျှင်၊ ညီငယ်ကိုလည်း သူ့အသက်အရွယ်နဲ့ကိုက်ညီမယ့် ကစားစရာဝယ်ပေးရမှာဖြစ်ပါတယ်...။ မွေးချင်းတွေမှာ အကိုနဲ့ ညီ၊ အစ်မနဲ့ ညီမ တို့က မောင်နှမချင်းတွေ လောက်သိပ်ပြောရမခက်ပါဖူး...။

photo credit pngtree

မောင်နှမချင်းမှာ တစ်ချို့က သမီးဆို အဖေကပိုချစ်တယ်၊ သားဆို အမေက ပိုချစ်တယ် ထင်တတ်ကြပါတယ်...။ ဒါပေမယ့် မိဘတိုင်းက သားပဲဖြစ်ဖြစ်၊ သမီးမီးဖြစ်ဖြစ် အကုန်တန်းတူပဲချစ်ကြတာပါ...။ မောင်နှမချင်းသင့်မြတ်အောင် မိဘတွေအနေနဲ့ အလိုလိုက်သင့်တာကို လိုက်ရပြီး၊ ဆုံးမပြောဆိုသင့်တာကို ဆုံးမရမှာဖြစ်ပါတယ်...။ ဒါက ကိုယ့်သားသမီးတိုင်းကို ပြောဆိုဆုံးမသွန်သင်ဖို့တော့ လိုပါတယ်....။ ဆုံးမတာပဲဖြစ်ဖြစ်၊ အလိုလိုက်တာပဲဖြစ်ဖြစ် တန်းတူညီမျှရှိရမှာဖြစ်ပါတယ်....။ ချစ်ခင်လိမ္မာတဲ့ သားသမီးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်..။

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။