နိုက်စ်အသင်းတိုက်စစ်မှူး မာရီယို ဘာလော့တယ်လီဟာ ခြေစွမ်းကောငး်ပြီး ရော်နယ်ဒိုလို အဆင့်အတန်းမျိုးထိ ရောက်နိုင်ပေမယ့် ဒီလိုမျိုး မဖြစ်ခဲ့တဲ့အတွက် သူုုူ့ကိုယ်သူသာ အပစ်တင်သင့်တယ်လို့ ဆရာဟောင်း မန်စီနီက သုံးသပ်လိုက်ပါတယ်။

" ဘာလော့တယ်လီဟာ အရည်အသွေးကောင်းမွန်တဲ့ ချာတိတ်ပါ။ သူ့မှာ တကယ့်ကို ကောင်းမွန်တဲ့ အချက်တွေ ပိုင်ဆိုင်ထားပါတယ်။

သူ ဘောလုံးလောကမှာ စတင် ထွန်းတောက်တဲ့ အချိန်က အနာဂါတ် အရမ်းကောင်းမွန်ခဲ့တယ်။သူဟာ ရော်နယ်ဒိုရဲ့ အဆင့်အတန်းမျိုး ရောက်နေသင့်တယ်။ တကယ်လို့ ခုချိန်မှာ ဒီလိုအဆင့်အတန်းမျိုး မရှိနေရင် သူ့ကိုယ်သူပဲ အပစ်တင်သင့်ပါတယ်။

သူဟာ ခုချိန်မှာ (၂၆)နှစ် ရှိပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီထက် ကောငး်မွန်အောင် နည်းနည်းတော့ ထပ်လုပ်နိုင်သေးတယ်" လို့ မန်စီနီက ပြောခဲ့ပါတယ်။

အင်တာ၊စီးတီး၊မီလန်၊လီဗာပူးတို့ရဲ့ တိုက်စစ်မှူးဟောင်းဟာ စညး်ကမ်းပိုင်း ဆိုင်ရာ ပြသနာတွေကြောင့် မကြာခဏ ဝေဖန်ခံခဲ့ရသလို ခြေစွမ်းကိုလည်း တသမတ်ထဲ ထိန်းထားနိုင်စွမ်း မရှိခဲ့လို့ ခုချိန်မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ နိုက်စ်အသင်းမှာ ကစားနေရတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။