မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ MFF ဒုတိယဥက္ကဋ္ဌ နှင့် ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် နှင့် ဧရာဝတီယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးမင်းလှိုင်၊ ရှမ်းယူနိုက်တက်အသင်းပိုင်ရှင် ဦးခွန်နောင်မြင့်ဝေ၊ ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးဇော်မင်းသိန်း၊ ချင်းလန်းအသင်းပိုင်ရှင် ဦးတီတီ၊ MFF နည်းစနစ်ကော်မတီ ဥက္ကဋ္ဌ ဦးသန်းတိုးအောင် နှင့် နည်းစနစ်ကော်မတီအဖွဲ့ဝင်များ၊ MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ MNL အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊MNL စီမံခန့်ခွဲရေး အရာရှိချူပ် ဦးဆူးအောင်၊ MFF နည်းစနစ်ဒါရိုက်တာ မစ္စတာအဲရစ်၊ MFF နှင့် MNL မှ တာဝန်ရှိသူများ ပါဝင်သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီ အစည်းအဝေးကို စက်တင်ဘာ ၂၆ရက် နေ့လည်ပိုင်းက MFF အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

ယင်းအစည်းအဝေးတွင် အမျိုးသား၊ အမျိုးသမီး သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် အသင်းများ၏ ယှဉ်ပြိုင်ခဲ့ပြီးသော နိုင်ငံတကာပြိုင်ပွဲများ၊ မကြာခင်ကာလအတွင်း ယှဉ်ပြိုင်ရမည့် အာရှအဆင့်၊ အာဆီယံ အဆင့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် နည်းစနစ်ပိုင်း ဆိုင်ရာ သုံးသပ်မှုများကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

ထို့အပြင် ရလဒ်ပိုင်းဆိုးရွားခဲ့သော အသင်းများအား အသစ်ပြန်လည်ဖွဲ့စည်းရေး၊ နိုင်ငံတကာပြိုင်ပွဲများ မတိုင်ခင် ယှဉ်ပြိုင်ကစားရန်စီစဉ်ထားသည့် ခြေစမ်းပွဲများ၊ မျိုးဆက်သစ်ကစားသမားများ ပိုမိုကျယ်ပြန့်စွာ ရွေးချယ်နိုင်ရေး ကိစ္စရပ်များ၊ အသက် ၁၆နှစ်အောက် လူငယ်လိဂ်ပြိုင်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တို့ ပူးပေါင်း၍ အသက် ၁၄နှစ်အောက် လူငယ်ဘောလုံးပွဲတော်များ ကျင်းပနိုင်ရေး နှင့် လက်ရှိ မြန်မာ့ဘောလုံးလောက၏ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

source: MFF ' s facebook 

photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။