ကိုယ်ဝန်ဆောင် မိခင်သည်တွေ အတက်ရောဂါဖြစ်လျှင် အတက်ကျဆေးကို ဘယ်လိုတိုက်ရမလဲဆိုတာ ဖော်ပြပေးခဲ့ပြီးတဲ့နောက်မှာ အခုတစ်ခါမှာဆိုရင်တော့ သွေးကျဆေးအကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်...။ ကိုယ်ဝန်ဆိပ်တက်တဲ့ အမျိုးသမီးတွေဟာ တက်တာရော၊ သွေးတိုးတာပါ ရှိတာမို့ သွေးကျဆေးလည်း ပေးရပါတယ်...။ Hydralazine ဆိုတဲ့ သွေးကျဆေး ၅- ၁၀ မီလီဂရမ်လောက်ကို သွေးပေါင်ကျသွားတဲ့အထိ ဖြည်းဖြည်းချင်း အကြောထဲ သွင်းရမှာဖြစ်ပါတယ်...။ လိုအပ်ရင် လိုအပ်သလို ၆၀ မီလီဂရမ်လောက် စလိုင်းနဲ့ရောပြီး တစ်မိနစ်ကို ၂၅ စက်နှုန်း ဆေးချိတ်ထားလို့ရပါတယ်...။ ပန်းနာရင်ကြပ်နဲ့ နှလုံးရောဂါရှိတဲ့ အမျိုးသမီးတွေကလွဲလို့ ကျန်တဲ့သူတွေကို Labetalol ၂၀ မီလီဂရမ် သွင်းပေးပါတယ်...။ သောက်ဆေးအနေနဲ့တော့ Nifedipine 10 – 20 mg ကို ရောက်ရောက်လာချင်းမှာ သောက်ခိုင်းလိုက်ပါတယ်...။

photo credit pngtree

ဒီလို ဆေးတွေပေးတာအပြင် ရေသောက်တဲ့ ပမာဏ၊ ဆီးသွားတဲ့ ပမာဏကိုလည်း တိတိကျ သတ်မှတ်ထားရပါသေးတယ်...။ ဒါမှလည်း အဆုတ်ရေမွန်းတာ (Pulmonary Oedema) နဲ့ ကျောက်ကပ် အလုပ်မလုပ်တော့တာတွေကို ကာကွယ်လို့ရမှာပါ...။ အရည်သောက်တဲ့နှုန်းကို 1ml/kg/hr နှုန်း သတ်မှတ်ထားလေ့ရှိပါတယ်...။ ဘယ်တော့မွေးရလဲ - မိခင်အခြေနေ စိတ်ချရပြီ Stable ဖြစ်ပြီဆိုတာနဲ့ ကိုယ်ဝန်သက်ကို ကြည့်မနေဘဲ မွေးပေးလေ့ရှိပါတယ်...။ မိခင် တက်တာ ၁၂ နာရီအတွင်းကိုမွေးပေးရတာပါ...။ သားအိမ်ခေါင်းအခြေနေ၊ သန္ဓေသားအခြေနေအပါအဝင် အားလုံးကိုကြည့်ပြီးမှ ခွဲမွေးမလား၊ ရိုးရိုးမွေးမလား ဆုံးဖြတ်ကြတာဖြစ်ပါတယ်...။ သွေးတိုးရှိနေတဲ့အတွက် Ergot တော့ ရှောင်ရပါတယ်... ။

photo credit pngtree

မွေးပြီးကာလ - မွေးပြီးပြီဆိုရင်တော့ မဂ္ဂနီဆီယမ်ဆာဖိတ်သွင်းနေတာကို ၂၄ နာရီအတွင်း ဖြည်းဖြည်းချင်း လျော့ပြီးရပ်လိုက်ရပါတယ်...။ ၄၈ နာရီအတွင်း ပြန်တက်လာနိုင်ခြေက သုံးယောက်မှာ တစ်ယောက်နှုန်းရှိတာမို့ မွေးပြီးကာလမှာလည်း သွေးပေါင်ချိန်ကို စောင့်ကြည့်နေဖို့အရေးကြီးပါတယ်...။ သွေးကျဆေးကိုလည်း ပုံမှန်ပေးနေရာကနေ တဖြည်းဖြည်းချင်းဖြတ်သွားရပါမယ်...။ တကယ်လို့ Methyl Dopa အမျိုးအစား သွေးကျဆေးကိုပေးထာရင် Calciu Channel Blocker အမျိုးအစား သွေးကျဆေးကို ပြောင်းပေးပါလိမ့်မယ်...။ နောက်ဆက်တွဲရောဂါတွေ မဝင်လာအောင် ဂရုစိုက်နေဖို့လိုသလို ရေသောက်တာ၊ ဆီးသွားတာကိုလာ်း သေချာ မှတ်ထားဖို့လိုနေပါသေးတယ်...။ သွေးတိုးရောဂါဖြစ်ရင် လုပ်ရသလို သွေးပေါင်ချိန်တိုင်းတာ၊ ဆီးချက်တာတွေ ပြန်လုပ်ရပါမယ်...။ မွေးပြီး ၆ ပတ်အကြာအထိ သွေးတိုးနေတုန်းဆိုရင်တော့ ကိုယ်ဝန်ကြောင့် သွေးတိုးတာ မဟုတ်ဘဲ နဂိုမူလအခံကိုက သွေးတိုးရောဂါဖြစ်နေတာမို့လို့ သမားတော်နဲ့ ထပ်ပြပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ စနစ်တကျခံယူရပါလိမ့်မယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ “မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား (အပိုင်း၁၀)" ကျန်းမာရေးဆောင်းပါးမှ သွေးကျဆေးပေးတာ၊ ဘယ်တော့မွေးရမလဲ...၊ မွေးပြီးကာလအစရှိတဲ့ မှတ်သားစရာ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။