ပရိသတ်တို့ရေ... စိတ်ကူးယဉ်တယ်ဆိုတာကောင်းတဲ့ အလုပ်တစ်ခုပါနော်။ ဒါပေမယ့် စိတ်ကူးယဉ်တဲ့အတိုင်း အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် အသိဉာဏ်ပညာက ကူပြီးတော့မှ လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတဲ့ ဖြစ်နိုင်ချေတွေကို သေချာတွက်ချက်စဉ်းစားရမှာပဲဖြစ်ပါတယ်နော်။ ဒီတစ်ခုကတော့ စိတ်ကူးယဉ်တာမှန်ပေမယ့် လုပ်သင့်၏ မလုပ်သင့်၏ဆိုတာကို ဦးနှောက်နဲ့မစဉ်းစားပဲ မိုက်ရူးရဲ ဆန်ဆန်လုပ်ရပ်တစ်ခုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်နော်။

Photo Source : Pngtree

Keith Sapsford ဆိုသူ ၁၄ နှစ် အရွယ်ကောင်လေးဟာ ဂျပန် လေကြောင်းလိုင်းတစ်ခုက လေယာဉ်ရဲ့ ဘီးထားတဲ့ အခန်းထဲမှာ ခိုးဝင်ကာ ဂျပန်ကို လိုက်သွားပြီး အလုပ်သွားလုပ်ဖို့ စိတ်ကူးယဉ်ခဲ့ပြီး ပုန်းအောင်းနေခဲ့ပါတယ်။ လေယာဉ်ဟာ ဩစတေးလျ Sydney မှ ဂျပန်ကို သွားဖို့ ပျံသန်း ပြီး အမြင့် ပေ ၂၀၀ အရောက်မှာတော့ Keith တစ်ယောက် ပြုတ်ကျ ကာ သေဆုံးသွားခဲ့ပါသတဲ့။

Photo Source : သံ ဇဉ် မိုးဇတ်

ဒီဓာတ်ပုံကလည်း ကင်မရာမင်း တစ်ဦးက သူ့ရဲ့ကင်မရာ စမ်းသပ်နေစဉ်မှာ မှတ်တမ်းတင်မိခြင်းပဲဖြစ်ပါတယ်။ Keith မိဘတွေ ပြောပုံ အရကတော့ သူတို့ရဲ့ သားဟာ အိမ်ကနေပြီး မကြာခဏ ထွက်ပြေးတတ်သလို အချိန်ကြာမြင့်စွာ မအိပ်ဘဲနေတတ်ပါသတဲ့။ ဆိုတော့ ဒီလို အချက်တွေကြောင့် Keithကို စိတ်ရောဂါ ရှိသူတစ်ယောက်လို့ ယူဆခဲ့ကြပါတယ်။ ကဲ... ဒီတော့ ပရိသတ်တို့ရေ... စိတ်ကူးဟာ တကယ့်ဖြစ်ရပ်မဟုတ်တဲ့အတွက် လက်တွေ့အကောင်အထည်ဖော်မယ်ဆိုရင်တော့ မိုက်ရူး မရဲတတ်ကြဖို့ Keithရဲ့ အဖြစ်ကို သာဓက ယူမိကြပါစေနော်....

Photo Source : Pngtree

Source: သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။