ဒီနေ့မေလ(၆)ရက်နေ့ဟာ တစ်ခါကဒိတ်ဒိတ်ကျဲမင်းသမီး နန္ဒာလှိုင် နဲ့ ခင်ပွန်းဖြစ်သူရဲ့ မင်္ဂလာချစ်သက်တမ်း (၉)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။

အနုပညာလောကနဲ့ကင်းကွာနေပြီဖြစ်တဲ့ နန္ဒာလှိုင်ကတော့ သစ္စာရှိတဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ သမီးလေး(၃)ယောက်နဲ့ မိသားစုဘဝလေးဖြတ်သန်းနေတာပါ။

အိမ်ထောင်သက်တမ်းတစ်လျှောက် နန္ဒာတို့ ဇနီးမောင်နှံဟာ ဘာနာမည်ပျက်သတင်းဆိုးမှ မရှိခဲ့ဖူးပါဘူး။

မဟာဆန်တဲ့ရုပ်ရည်ရှိတဲ့ နန္ဒာလှိုင် ရဲ့တစ်ချိန်က တီဗွီဖန်သားပေါ်က ကြော်ငြာလေးတွေကို ပရိသတ်ကြီးလည်း ကြိုက်နှစ်သက်မိမှာပါ။

အကယ်လို့ နန္ဒာလှိုင်တစ်ယောက် အနုပညာလောကထဲ အရင်လို ဇာတ်ကားတွေပြန်ရိုက်မယ်ဆိုရင် ပရိသတ်ကြီးအားပေးကြဦးမှာလား ။

ဒီနေ့ကျရောက်တဲ့ (၉)နှစ်ပြည့်နှစ်ပတ်လည်နေ့မှ ပျော်စရာမိသားစုလေးနဲ့ သက်ဆုံးတိုင်အတူဖြတ်သန်းနိုင်ပါစေ ဆုတောင်းပေးပါတယ်။ 

သတင်းအရင်းမြစ် NandarHlaing fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။