Infection ကြောင့် ချောင်းဆိုးတာကို ပိုးသတ်ဆေးပေးရမယ်ဆိုရင်တောင်မှ သလိပ်စစ်ဖို့လိုအပ်ပါတယ်...။ သလိပ်စစ်တယ်ဆိုတာ သလိပ်ထဲမှာ ဘာပိုးရှိနေတာလဲဆိုတာ သိရအောင် ပိုးမွေးတာပါ...။ ပြီးတော့မှ ပိုးရှိတယ်ဆိုရင် ဒီပိုးဟာ ဘယ်ပိုးသတ်ဆေးနဲ့ ပေးရင်သေလဲ၊ ဘယ်ဆေးကိုတော့ ယဉ်နေပြီဆိုတာ ထပ်စမ်းပြီးမှ လူနာနဲ့ သင့်တော်မယ့်၊ တည့်တဲ့ပိုးသတ်ဆေးကို ရက်ပြည့်အောင် သောက်ခိုင်းတာဖြစ်ပါတယ်....။ စပ်ဆေးတွေကကျတော့ ဒီလိုစစ်ဆေးတာတွေလည်းမရှိဘူးလေ...။

Photo credit pngtree

ချောင်းဆိုရင် amoxil လည်ချောင်းနာရင် E-mycin တန်းပေးနေတော့ ဆေးတွေက မလိုအပ်ဘဲပေးတဲ့အတွက် ဆေးယဉ်ပါးလာပြီး တကယ်လိုလို့ သောက်တဲ့အခါ ဆေးမတိုးတော့တာတွေ ဖြစ်လာပါတယ်...။ ဆေးမတိုးတော့ဘူးဆိုရင် ဆေးကုရ အရမ်းခက်သွားပါပြီ...။ အထူးသဖြင့် ဆေးယဉ်ပါးတီဘီရောဂါတွေလို ဆိုးဆိုးရွားရွားကြုံရတတ်ပါတယ်...။ နောက်ပြီး ဒီပိုးသတ်ဆေးတွေကပဲ သတ်ရမယ့် ပိုးမရှိတော့ ခန္ဓာကိုယ်ထဲက သဘာဝအတိုင်းရှိနေတဲ့ လူကို အကျိုးပြုတဲ့ Normal Bacteria Flora ဆိုတဲ့ ပိုးကောင်လေးတွေကို သွားသတ်တတ်ပါတယ်။ 

Photo credit pngtree

ဒီအတွက် antibiotic-induced diarrhea ဝမ်းလျောဝမ်းပျက်တာတွေလည်း ဖြစ်တတ်ပါတယ်...။ ပြီးရင် အစားအသောက်ပျက်မယ်၊ ပျို့မယ်၊ အန်မယ်၊ လူကနုံးမယ်၊ ဒါတွေ ခံစားရပါလိမ့်မယ်။ ဒါကြောင့် လွယ်လွယ်ပေးတဲ့ ဘာမှန်းတိတိကျကျမသိရတဲ့ ဆေးတွေသောက်တာဟာ အင်မတန်အန္တရာယ်များပါတယ်...။ ရောဂါနောက်ကြောင်းကို သေချာမေးပြီး လိုအပ်တဲ့ စမ်းသပ်မှုတွေ၊ စစ်ဆေးမှုတွေလုပ်ပြီးမှ ဆရာဝန်ကိုယ်တိုင်က ဆေးစာနဲ့အတူ ပေးလိုက်တဲ့ဆေးတွေကတော့ တိကျမှ၊ မှန်ကန်မှုနဲ့အတူ တာဝန်ယူမှုတွေပါရှိတာကြောင့် ပြည်သူတွေကို ကျန်းမာရေးအသိမှန်မှန် ရှိစေချင်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "စပ်ဆေးတွေသောက်တာကောင်းလား" ကျန်းမာရေးဆောင်းပါးမှ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။