Photo credit - Team Secret

Team Secret ကတော့ ယခုလာမယ့် 2019 – 2020 DPC season ရဲ့ ပထမဆုံး Major ပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Team Secret အနေနဲ့ သူတို့ရဲ့အသင်းသားတွေ အားပြန်ကြည့်လာဖို့ အချိန်လိုအပ်သလို သူတို့ရဲ့အမှားတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက်လည်း အချိန်လိုအပ်ပါသေးတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

Team Secret အနေနဲ့လည်း ပြီးခဲ့တဲ့ Ti 9 တုန်းက Ti champion ဆုကြီးနဲ့ လွဲချော်ခဲ့ရသလို အသင်းရဲ့ mid player ဖြစ်တဲ့ MidOne ဟာလည်း အရင်ကလိုမျိုး performance ကောင်းတွေများများစားစား ပြသနိုင်ခဲ့ခြင်းမရှိပါဘူး။

လတ်တလော လူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း Team Secret အနေနဲ့ MidOne ရဲ့နေရာမှာ Matubaman ကိုအစားထိုးသွားမယ်ဆိုတဲ့ ကောလဟာလတွေထက်ပေါ်နေပေမယ့်လည်း Team Secret အနေနဲ့ သူတို့အသင်းရဲ့ roster အပြောင်းအလဲနဲ့ ပတ်သတ်ပြီး ဒီအချိန်မှာ ကြေညာစရာမရှိသေးပါဘူးလို့လည်း ပြောကြားခဲ့တာတွေ့ရပါတယ်။

Source _ teamsecret.gg

Orginal Link > https://teamsecret.gg/2019/09/26/reflecting-on-the-2018-19-season-and-moving-forward/

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။