ဂျပန် နိုင်ငံ ကန်ရိုးတန်းအလွန် ပစိဖစ် သမုဒ္ဒရာ ထဲမှာရှိတဲ့ Devil's sea က ဘာမြူဒါ တြိဂံ လိုဘဲနာမည်ဆိုးနဲ့ကျော်ကြား ပါတယ်။ လဒ်တီကျုတစ်တန်းတည်းကြနေတဲ့ ဒီ Triangle နှစ်ခုမှာတော့ထူးဆန်းတဲ့ဖြစ်ရပ်တွေထပ်တူကြနေပီး အရပ်မျက်နှာညွန်ပြတဲ့သံလိုက်အိမ်မြှောင် ဖေါက်လွဲဖေါက်ပြန်ဖြစ်မှု၊ ထူဆန်းတဲ့အလင်းရောင်တွေတွေ့ရှိခဲ့မှု ၊ ထူးဆန်းတဲ့ အရာဝထ္တုများတွေ့ရှိမှု ၊ပဟေဋ္ဌိဆန်ဆန်ပျောက်ဆုံးမှု၊ လောကီလွန်ဖြစ်ရပ်များရှိနေပါတယ်လို့ မရေမတွက်နိုင်တဲ့ပြောဆိုမှုတွေမှတ်တမ်းတွေရှိနေပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : Pngtree

ဂျပန်ငါးဖမ်း အဖွဲ့အာဏာပိုင်တွေကတောင် ဒီဧရိယာဟာ အလွန်အန္ဒရာယ်များသောကြောင့်သတိထားနေရပါတယ်။1952 ခုနှစ်မှာတော့ပဟေဋ္ဌိဆန်တဲ့ Devil's sea ကို စူးဆန်းဖို့ Kaio Maru No.5 ဆိုတဲ့သင်္ဘောကို အာဏာပိုင်တွေစေလွတ်ခဲ့ရာ ထိုသင်္ဘော အပါအဝင် သင်္ဘောသား ၃၂ ယောက်ဟာပျောက်ဆုံးခဲ့ပါတယ်။ တစ်ခြားသော အဖြစ်အပျက်တွေမှာလည်း Devil's sea ကိုဖြတ်ပြီး ဂျပန်နိုင်ငံကို ဝင်ရောက်ဖို့ကြိုးစားလာတဲ့ သူ အနည်းဆုံး လူ ၄၀၀၀၀ ပျောက်ဆုံးသွားခဲ့ပြီလို့လည်းဆိုပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : သံ ဇဉ် မိုးဇတ်

ဒီလို ဖြစ်ရပ်တွေကြောင့်လည်း နတ်ဆိုးပင်လယ်ဟာ ဘာမြူဒါတြိဂံလိုမျိုး ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်နေပီလားဆိုတဲ့ ကိစ္စဟာ ပညာရှင်တွေကြား အကြပ်ရိုက်စေခဲ့ပါတယ်။ ဒါ့ကြောင့် အခုလို ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ နတ်ဆိုးပင်လယ်အကြောင်းကို ပရိသတ်ကြီး ဗဟုသုတရစေရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။

Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : Pngtree

Source : သံစဉ်မိုးဇတ်

Photo Source : သံစဉ်မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။