မင်းမော်ကွန်း ၊ နိုင်းနိုင်း ၊ ထွန်းထွန်း ၊ ကျော်ကျော်ဗိုလ်၊ သင်ဇာဝင့်ကျော်၊ စံရတီမိုးမြင့်နှင့် သရုပ်ဆောင်များစွာပါဝင်တဲ့ 'လူများကိုခြောက်လှန့်ရန် တစ္ဆေတစ်ကောင် အလိုရှိသည် 'ရုပ်ရှင်ဇာတ်ကားကြီး ကိုနောက်တစ်ပတ်မှပြသမည့် ဖြစ်ကြောင်းနဲ့ညိုမင်းလွင်ကိုယ်တိုင် အသိပေးကြေငြာထားသည်ကို ဖော်ပြပေးလိုက်ပါတယ်။

“ လေးစားစွာဖြင့်အသိပေးကြေငြာအပ်ပါသည်

“လူသားများကိုခြောက်လှန့်ရန်တစ္ဆေတစ်ကောင်အလိုရှိသည်”ဇာတ်ကားအား 5.5.2017 နေ့မှ 12.5.2017 သို့တစ်ပါတ်ရွှေ့ဆိုင်း၍ သမ္မတ၊သွင်၊မင်္ဂလာ၊Junction Square၊ Junction Mawtin၊ Junction City ရုပ်ရှင်ရုံများ၊ Mega Ace ရုပ်ရှင်ရုံများနှင့်တကွ မန္တလေးမြို့၊အထက်မြန်မာပြည်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည်ဖြစ်ပါကြောင်း...

ဇာတ်ကားနမူနာထဲမှကျွန်တော်မြင်လိုက်တဲ့တစ္ဆေတစ်ကောင်ကိုကျွန်တော်နဲ့ထပ်တူမြင်လိုက်ကြသူများအား 10.5.2017 နေ့တွင်ကြေငြာမည်ဖြစ်ပါကြောင်း...

စိတ်ဝင်စားစွာစောင့်မျှော်အားပေးနေကြသည့်ပရိသတ်များ၊

ကြိုတင်လက်မှတ်ကို ယခုကတည်းက မေးမြန်းဝယ်ယူနေကြသောပရိသတ်များအား

ချစ်ခင်မြတ်နိုးစွာဖြင့် ထပ်မံအသိပေးအပ်ပါသည်…” လို့ “လူသားများကိုခြောက်လှန့်ရန်တစ္ဆေတစ်ကောင်အလိုရှိသည်” ဇာတ်ကား ဖန်တီးရှင်ညိုမင်းလွင်ကဆိုပါတယ်။

Source: ညိုမင်းလွင်ဖေ့ဘွတ်

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။