မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPTတို့မှ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန တို့နှင့်ပူးပေါင်းကျင်းပသည့် ကရင်ပြည်နယ်အဆင့် MPT အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းက ဘားအံမြို့ အောင်သံလွင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် လှိုင်းဘွဲ့(က)အသင်း နှင့် လှိုင်းဘွဲ(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး လှိုင်းဘွဲ့(ခ)အသင်းက (၂ - ၁)ဂိုးရလဒ်ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ယခုပြိုင်ပွဲတွင် ပထမဆုကိုလှိုင်းဘွဲ့(ခ)အသင်း၊ ဒုတိယဆုကို လှိုင်းဘွဲ့(က)အသင်း၊ တတိယဆုကို ကော့ကရိတ်(က)အသင်းတို့ ရရှိခဲ့ပြီး အသန့်ရှင်းဆုံးအသင်းဆုကို ကော့ကရိတ်(ခ)အသင်းက ရရှိခဲ့ပါတယ်။ပြိုင်ပွဲတွင် ပထမဆုကို တံခွန်စိုက်ဆုဖလား၊ ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ဆုတံဆိပ်နှင့် ဆုငွေကျပ် ၅ သိန်း၊ တတိယဆုကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၃ သိန်း၊ အသန့်ရှင်းဆုံးအသင်းဆုကို ဆုတံဆိပ်နှင့် ဆုငွေကျပ် ၂ သိန်းတို့ကို ချီးမြှင့်ပေးခဲ့သည့်အပြင် ပြိုင်ပွဲမတိုင်မှီ ပြိုင်ပွဲဝင် ၁၂ သင်းစီအား ထောက်ပံငွေကျပ် ၁၀ သိန်းစီ ပေးအပ်ခဲ့ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၁၉ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲများကို မန္တလေး၊ ရွှေဘို(စစ်ကိုင်း)၊ မကွေး၊ ရန်ကုန်၊ တောင်ကြီး၊ ပဲခူး၊ ဘားအံ၊ မော်လမြိုင်(ကျင်းပပြုလုပ်ဆဲ)တို့တွင် ကျင်းပပြီးစီးခဲ့ပြီး ဆက်လက်ပြီး ပုသိမ်၊ စစ်တွေမြို့များတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါတယ်။

source: Myanmar National League 's facebook 

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။