မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မီရိုဒရပ်သည် ကာဂျစ္စတန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အတွက် ကစားသမား စာရင်းကို ထုတ်ပြန်ကြေညာ လိုက်ပြီဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင် အသင်း အနေဖြင့် ပဏာမ ကစားသမား ၂၉ ဦးဖြင့် ယနေ့မှ စတင်ကာ စခန်းသွင်း လေ့ကျင့်သွားမည် ဖြစ်ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မီရိုဒရပ်ရဲ့ လူစာရင်းမှာ အတွေ့အကြုံရင့်ကျက်တဲ့ ကစားသမားတွေများစွာပါဝင်နေသလို လက်ရွေးစင်အသင်းနဲ့ ဝေးကွာနေတဲ့ ငြိမ်းချမ်းအောင်တစ်ယောက်လဲ ပါဝင်လာပါတယ်။ ယခုမှာတော့ မြန်မာလက်ရွေးစင်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ကာဂျစ်စတန်အသင်းနဲ့ ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

မြန်မညလက်ရွေးစင်အသင်းဟာ ကာဂျစ္စတန်နိုင်ငံသို့ ဆက်လက်ထွက်ခွာ၍ ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပါတယ်။ ကာဂျစ္စတန် အသင်းနှင့် မြန်မာအသင်းတို့ ပွဲစဉ်ကို အောက်တိုဘာ ၁၀ ရက်နေ့၊ ကာဂျစ္စတန်နိုင်ငံ ဘစ်ရှက်ခ်မြို့Dolen Omurzakov ကွင်းတွင်ကျင်းပသွားမည် ဖြစ်ပါတယ်။

source: MFF' s facebook 

photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။