လွန်ခဲ့သည့် နှစ် ၂၀၀၀ ခန့်က ကမ္ဘာ့ပထမဆုံး ငလျင် တိုင်းတဲ့ နည်းပညာကို တရုတ် လူမျိုး Zhang (‘Chang’) Heng ကတီထွင်ခဲ့ပါတယ်။

သံလိုက် အိမ်မြောင်တပ်ထားသည့် ကြေးအိုးကြီးတွင် နဂါး ၈ ကောင်နှင့် ဖား ၈ ကောင် တည်ရှိနေကာ နဂါး နှင့် ဖားရုပ်ထု ပါးစပ် အရှည်လိုက် မြှောင်း ထဲတွင် ကြေးဝါ ဘော လေးများ ထဲ့သွင်း ထားပါတယ်။ ငလျင် လှုပ်ခတ်ပါက ဖားပါးစပ်ထဲမှ အရှည်လိုက် အံဝှက် အတွင်းမှ ကြေးဝါ ဘောလေး စတင်လှုပ်ခတ်ကာ ငလျင် အရပ်မျက်နှာ ကို ညွန်ပြပေးတဲ့ နည်းပညာဖြစ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

နှစ်ပေါင်း 3000 ခန့်က မှန်ဘီလူး ကို Nimrud (အီရတ်) နိုင်ငံ မြေကြီးထဲမှ 1850 ခုနှစ်တွင် Sir John Layard က တူးဖေါ်တွေ့ရှိခဲ့ပါတယ်။ ။ ဒီမှန်ဘီလူးဟာ သဘာဝ ကျောက်မှ သွေးယူထားပြီး ဘဲဥပုံစံရှိကာ Focal အမှတ် အကွာ အဝေး သည် ၁၂ စင်တီမီတာ တွင်ရှိပြီး Focal အမှတ်သည် ၁၁ စင်တီမီတာတွင်ရှိကာ တယ်လီစကုတ် တွင် အသုံးချခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

စကော့တလန် တွင် လွန်ခဲ့တဲ့ နှစ်တစ်သောင်းခန့်က လူတွေ အသုံးပြူခဲ့တဲ့ ပြက္ခဒိန် ကို မီတာ ၅၀ ခန့်ရှည်လျားသည့်မြေကြီးပေါ်တွင် အမှတ် ၁၂ မှတ်ပါသည့် ကျောက်တုံး များဖြင့်ဖွဲစည်း ကာေ န့ /လ/ ရက် များကို Lunar 'လ' ဖြင့် အခြေခံ ကာ ရေးဆွဲ ထားခဲ့ပြီး BC 8000 -BC 4000 အထိအသုံးပြုခဲ့ကြ ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။