ပရိသတ်တို့ရေ... မံမီဆိုတဲ့အရာကို အားလုံးပဲ ရင်းရင်းနှီးနှီးသိပြီးသားဖြစ်မှာပါနော်။ ဆေးရည်စိမ်ပြီး လူသေကောင်တွေကို မပုပ်မသိုးအောင် စီရင်တဲ့ အီဂျစ်တွေရဲ့ နည်းပညာတစ်ခုလည်းဖြစ်ပါတယ်။ ဒီတစ်ခုကတော့ လူသေအလောင်းကိုဖယောင်းသွင်းပြီးတော့ မံမီ အရုပ်ကြီးလုပ်ကာ ထိန်းသိမ်းထားတယ်လို့ လူပြောများနေတဲ့ ထူးထူးဆန်းဆန်း ဖယောင်းမံမီရုပ်ထုကြီးအကြောင်းပဲဖြစ်ပါတယ်။

Photo Source: Pngtree

မက္ကဆီကို Chihuahua မြို့မှာ မင်္ဂလာဆောင်ခါနီး အမဲရောင် Window ပင့်ကူ ကိုက် လို့သေသွား တဲ့ သတို့သမီး တစ်ဦးရှိခဲ့ဖူးပါတယ်။သူတို့ရဲ့ဆိုင် က သတို့သမီး သတို့သား ဝတ်စုံချုပ်တဲ့ ဆိုင်လေးပါ။ ဒါပေမယ့် ဆိုင်ရှင် က သေဆုံးသွားတဲ့ သူတို့ သမီး လေး ခန္ဒာကိုယ်ကို ဖယောင်း ရုပ်ပြုလုပ်ပြီးမှန်ခန်း ထဲထည့်ထားတယ်ဆိုပြီး နာမည်ကြီးလိုပနေခဲ့ပါတယ်နော်။

Photo Source: Pngtree

ဖယောင်းအရုပ် ကလည်း လူနဲ့တော်တော့်ကိုတူပါတယ်။ အထူးသဖြင့် လက်တွေ ဟာ တော်တော်လေး လူနှင့်တူနေပါတယ်။ဒီကိစ္စကို ဆိုင်ရှင် အားသွားမေးရင်တော့ ခါးခါး သီးသီး ငြင်းလေ့ငြင်းထ ရှိပါသတဲ့။မက္ကဆီကို နိုင်ငံဆိုတာကလည်း မှော်ဆန်ဆန် အတက်တွေ ရှိလို့နေပါသတဲ့။ဒေသခံတွေရဲ့ ပြောစကား အရ ငှက်တွေထဲမှာ သူ့ဝိဉာဉ်ရှိတယ်လို့ဆိုကာ လူသာသေဆုံးပေမဲ့ ဝိညာဉ်ကတော့ရှိနေပါသေးတယ်ဟု ပြောကြပါသတဲ့။ ကဲ... နားလည်ရခက်တဲ့ အကြောင်းတရားတွေနဲ့ ပြည့်နှက်လို့နေတဲ့ သတိုးသမီးအရုပ်လေးဟာ တကယ်ပဲ ဖယောင်းသွင်းထားတဲ့ အလောင်းကောင်ကြီးပဲလားဆိုတာတော့ပရိသတ်တို့စဉ်းစားကြည့်ပေးကြပါအုန်းနော်.....

Photo Source: သံ ဇဉ် မိုးဇတ်

Source: သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။