ပရိသတ်တို့ရေ... လောကမှာ အတတ်စမ်းတိုင်းလည်းကောင်းတာမဟုတ်ပါဘူးနော်။ ဒါကို ဒီမှာမလုပ်နဲ့လို့ပြောရင် ရွဲ့ပြီးတော့တစ်မျိုး ခိုးပြီးတော့တစ်ဖုံ လုပ်တတ်ကြတာ လူသားတွေရဲ့ သဘာဝပါပဲနော်။ အခုပြောပြမယ့် အကြောင်းအရာကလည်း သတိပေးထားရဲ့သားနဲ့ ခိုးပြီးလုပ်တတ်တဲ့ သူတွေကို ဒုက္ခလှလှကြီးပေးနိုင်မယ့် ကြောက်မက်ဖွယ်လိုဏ်ခေါင်းကြီးတစ်ခုအကြောင်းပဲဖြစ်ပါတယ်နော်။

Photo Source : Pngtree

နိုင်းဂါရာရေတံခွန်ရဲ့တောင်ဘက် မလှမ်းမကမ်းမှာ ရှိနေတဲ့ Screaming tunnel အမည်ရှိ လှိုင်ခေါင်း ဟာမီးထွန်းလို့မရပါဘူး ။သင်ဟာ မီးထွန်းထွန်းခြင်း မီးတုတ် ကိုင်ခြင်း ကိုပြုလုပ်လိုက်ပါက အမျိုးသမီးငယ်တစ်ဦးရဲ့ဒေါသတကြီး နဲ့အော်ဟစ်သံကိုကြားရမှာဖြစ်ပြီးတော့ မီးတွေဟာလည်း အလိုလို ငြိမ်း သွားတတ်ပါတယ်လို့ သိရပါတယ်နော်။ဒီ လှိုင်ခေါင်းဟာလည်း ရာဇဝင် ရှိခဲ့ဖူးပါသေးတယ် ပရိသတ်တို့ရေ။

Photo Source : Pngtree

ဟိုးအရင်က လှိုင်ခေါင်းနဲ့ မလှမ်းမကမ်းမှာနေထိုင်တဲ့ လယ်သမား မိန်းမပျိုလေး တစ်ယောက်ကို တစ်နေ့တော့ သူ့ရဲ့ ပထွေး တော်စပ်သူ က မတော်မတရားကျင့်ခဲ့ပြီး မိန်းမပျိုလေး အိမ်ကိုပါ မီးရှို့ ဖျက်စီးခဲ့ပါတယ်။ မိန်းမပျိုလေးရဲ့အင်္ကျီ ကိုလည်း မီးစွဲလောင်မိသွားတဲ့အတွက် မိန်းမပျိုလေး လည်း ပြေးမိပြေးရာ ပြေးရင်း Screaming tunnel (အော်သံလှိုင်ခေါင်း) ထဲမှာ မီးလောင် ဒါဏ်ရာများနဲ့ သေဆုံး ခဲ့ဖူးပါတယ်။ တည်နေရာကတော့ Canada (ကနေဒါ) မှာရှိပါတယ်။လူတွေကလည်း လူတွေပါပဲနော်။ သူတို့ဟာ မှတ်တမ်းတွေ ဟုတ်မဟုတ်ငွေကုန်ခံပြီး မီးထွန်း ပြီး စမ်းသပ်တာတွေလည်းလုပ်တတ်ကြပါသတဲ့။ တကယ်ဆို မလုပ်သင့်ဘူးမဟုတ်ပါလား ချစ်ပရိသတ်တို့ရေ...

Photo Source : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။