New horizons စီမံကိန်း မှ အာကာသယာဉ် တစ်စီးဟာ ကမ္ဘာကြီး ပါဝင်တဲ့ နေအဖွဲ့ အစည်း ၏ အနားသတ် ဂြိုလ် ပလူတို ဆီသို့ Jan. 19, 2006 ခုနှစ်က ပို့လွတ်ခဲ့ပါတယ်။ ဒီယာဉ်ကနေ 2019 နှစ်သစ်ကူး မှာ ပလူတို ဂြိုလ် ၏ ဓာတ်ပုံများ ကို အသေးစိတ် ရရှိမည်ဖြစ်တယ်လို့ ပညာရှင်များက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ထူဆန်းတာ တစ်ခုက အာကာသ ယာဉ်ပေါ်တွင် ပလူတို ဂြိုလ်ကို တွေ့ရှိခဲ့ သူ Clyde William Tombaugh (1906-1997) ဆိုသူ၏ အရိုးပြာအိုး ကို ထဲ့သွင်း ပေးလိုက်တာ ပဲဖြစ်ပါတယ်။

Photo Credit : Once A Glance Page

LAGEOS, Laser Geodynamics Satellite

လေဆာဖြင့် ကမ္ဘာ့မြေပုံ အနေ အထားကို ထောက်လှမ်း ပေးတဲ့ လေဆာ ဂြိုလ်တုတစ်လုံးကို ကမ္ဘာပါတ်လမ်းထဲမှာ လွတ်တင်ထားပါတယ်။ ဒါပေမယ့် နောက်ထပ် နှစ်ပေါင်း ၈ သန်း ရောက်ရင်တော့ ဒီဂြိုဟ်တုကို ဖျက်ဆီးပစ် ကြမှာပဲ ဖြစ်ပါတယ်။

ထိုဂြိုလ်တုရဲ့ တာဝန်တွေကတော့ ကမ္ဘာ့ တိုက်ကြီး များ ၊ပင်လယ် ရေပြင် ကြီး များ ဘယ်လို ဘယ်လို ရွေ့လျား သွားလဲ ၊ ဘယ်လို ပျောက်ကွယ် သွားလဲဆိုတာကို ကို မှတ်တမ်း လုပ်ပေးထားတဲ့ ဂြိုလ်တုပဲ ဖြစ်ပါတယ်။ သူ့ရဲ့အလေးချိန်ကတာ့ 406.965 kg ရှိပြီး 4 May 1976, 08:00 မှာ ကမ္ဘာပါတ် လမ်းထဲကို ပစ်လွတ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Once A Glance Page

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှာ ဆိုရင် အာကာသ ယာဉ်မှုးတွေဟာ သူတို့၏ အင်္ကျီ အတွင်းခံ မှန် သမျှကို ဘယ်တော့မှ မလျော်ပါဘူ။ သူတို့ အသုံးပြုကာ ဝတ်ဆင်ပီးသားဖြစ်တဲ့ အဝတ် အဟောင်း၊ အတွင်းခံတွေကို စုပေါင်းပြီး ကမ္ဘာ့ လေထု ထဲကို ပစ်လွှတ်ကြပါတယ်။ ဘာကြောင့် ဒီလိုပစ်ရသလဲဆိုရင် ကမ္ဘာ့ ဆွဲငင်အား ထဲရောက် ပြီး လေထုနှင့် ပွတ်တိုက်ကာ အင်္ကျီ အဟောင်း တွေကို မီးလောင် ပြာကျ စေလို့ပဲ ဖြစ်ပါတယ်တဲ့ ပရိသတ်ကြီးရေ။

Photo Credit : Once A Glance Page

Source : Once A Glance Page

Photo Credit : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။