မြန်‌မာပြည်‌ကိုခဏတာဖြတ်‌သန်‌းတိုက်‌ခတ်‌သွားတဲ့

Exo‌လေညှင်‌း‌လေး


ရန်‌ကုန်‌မြို့ရဲ့ပူပြင်‌းလှတဲ့‌မေလတစ်‌ရက်‌မှာ

Exoဆိုတဲ့‌လေညှင်‌း‌လေးခဏတာဖြတ်‌သန်‌းတိုက်‌ခတ်‌သွား

ခဲ့ပါတယ်‌။စကတည်‌းနဲ့ယဉ်‌သကိုဆိုသလ‌ို

ရန်‌ကုန်‌‌လေဆိပ်‌က Exoကိုအရူးအမူး

အား‌ပေးကြတဲ့ပရိသတ်‌‌တွေရဲ့ငို‌နေတဲ့ဓာတ်‌ပုံ‌တွေ‌ကြောင်‌့

လူမှုကွန်‌ယက်‌‌တွေ‌ပေါ်မှာစတင်‌ပွဲဆူခဲ့ပါ‌တော့တယ်‌။

‌နောက်‌ပြီးပွဲစီစဉ်‌သူ‌တွေရဲ့ လက်‌မှတ်‌ကမှန်‌းထားသ‌လောက်‌

မ‌ရောင်‌းရဘူးလို့မီဒီယာ‌တွေကို‌ပြောကြားခဲ့မှုကလည်‌း

ရှိပါ‌သေးတယ်‌။

ဒီလိုအခက်‌အခဲ‌တွေနဲ့စတင်‌ခဲ့တဲ့ Exoဟာ ‌မေလ၆ရက်‌‌နေ့

‌နေ့လည်‌မှာ Nature Republic ရဲ့ Fan Signs Event ကို

စတင်‌တက်‌‌ရောက်‌ပြီးမြန်‌မာပရိသတ်‌‌တွေနဲ့စတင်‌ထိ‌တွေ့ခဲ့ပါ‌တော့တယ်‌။

ပူပြင်‌းလှတဲ့ရန်‌ကုန်‌‌နေ‌အောက်‌ကပရိသတ်‌‌တွေအတွက်‌Exoဟာခပ်‌‌အေး‌အေးတိုက်‌ခတ်‌လာတဲ့‌လေညှင်‌းက‌လေးဖြစ်‌‌နေမှာ

အ‌သေအချာပါ။ဒါ‌ကြောင်‌့မို့ခြစ်‌ခြစ်‌‌တောက်‌‌နေ‌ရောင်‌‌အောက်‌မှာအမိုးအကာမပါပဲရပ်‌တည်‌နိုင်‌ခဲ့ကြတာ‌ပေါ့။


ည‌နေမှာဆက်‌လက်‌ကျင်‌းပတဲ့ K-Pop ပွဲမှာ‌တော့ Exo ဟာ

(၁)နာရီခန်‌့‌ဖျော်‌‌ဖြေသွားခဲ့ပါတယ်‌။ ပရိသတ်‌ကို မြန်‌မာလို

‌ပြောချင်‌လွန်‌းလို့လက်‌ဖဝါးမှာစာ‌လေးခိုးပြီး‌ရေးလာတဲ့Suho၊

‌မွေး‌နေ့ကိုမြန်‌မာပရိသတ်‌‌တွေနဲ့အတူကျင်‌းပခွင်‌့ရခဲ့တဲ့

Baekhyun တို့ထားခဲ့တဲ့အမှတ်‌တရ‌တွေဟာ

မြန်‌မာပြည်‌ကExoချစ်‌သူ‌တွေရဲ့ရင်‌ထဲမှာအမြဲတမ်‌းရှိ‌နေ‌တော့မှာပါ။ဆုံ‌တွေ့မှုနဲ့အတူခွဲခွာခြင်‌းဟာတစ်‌ပါတည်‌း

ကပ်‌ပါလာတတ်‌တာဓမ္မတာပါ။ ဒီလိုနဲ့ မြန်‌မာပြည်‌က

ပရိသတ်‌‌တွေကို‌အားပါးတရ‌ဖျော်‌‌ဖြေပြီး ရန်‌ကုန်‌မြို့ရဲ့ည၁၁း၃၀

အချိန်‌မှာပရိသတ်‌‌တွေချစ်‌ရတဲ့Exoအဖွဲ့ဟာ လက်‌ပြနှုတ်‌ဆက်‌ပြီးကိုရီးယားနိုင်‌ငံကိုပြန်‌သွားခဲ့ပါ‌တော့တယ်‌။

Exo ‌လေညှင်‌း‌လေး‌နောက်‌တစ်‌ခါထပ်‌တိုက်‌မှာကို

မြန်‌မာပြည်‌ကပရိသတ်‌‌တွေ‌မျှော်‌တလင်‌့လင်‌့ဖြစ်‌‌နေမှာ‌တော့အ‌သေအချာပါ။

Photo-Exol worldwide

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။