(1) December 24, 1945 ခရစ္စမတ် အကြို ရက်နေ့မှာ Sodder မိသားစုပိုင်ဆိုင်တဲ့ အိမ်ကြီးဟာမီးလောင်မှုဖြစ်ပွား ခဲ့ပါတယ်။ ဒီမီးလောင်မှုမှာ သားသမီး ၉ ယောက်ရှိတဲ့ သူတို့မိသားစုဟာ သားသမီး ၄ယောက် သာလွတ်မြောက်ခဲ့ပြီး သာသမီး ၅ယောက်ဟာ မီးထဲပါသွားခဲ့သည်။ သို့သော် မီးထဲတွင်ပါသွားတဲ့ သားသမီး ၅ ယောက်ဟာ အစအန တောင်ရှာလို့မရခဲ့ပါဘူးနော်။မီးဟာ အလွန်လျင်မြန်ပြီးတော့ သားသမီး ၅ ယောက် ဟာ ဘာလို့ အစအနတောင် ရှာမရတာလည်းဆိုတာကိုတော့ ရှင်းပြလို့ မရနိုင်သေးပါဘူး။ဒါဟာ အနောက် ဗာဂျီးနီးယား အမေရိကန်မှာ အမှန်တကယ် ဖြစ်ပွားခဲ့တာပါ။

Photo Source: သံ ဇဉ် မိုးဇတ်

(2) စပိန်မြင်းထိုင်ဆိုတာဟာ ရာဇဝတ်သားကို ပြစ်ဒဏ်ပေးတဲ့အရာတစ်ခုပါ။ ရာဇဝတ်သားကို ပုံမှာပြထားတဲ့အတိုင်း ထိုင်စေကာ အလေးချိန်ရှိတဲ့ ပစ္စည်းနဲ့ ခြေထောက်တွေကို ချည်နှောင်ထားပါတယ်။ ပြစ်မှုကြီးရင်ကြီး သလို အလေးချိန်တွေကိုခြေထောက်မှာချိတ်ဆွဲပြီးတော့ အပြစ်ဒဏ်ပေးတဲ့နည်းပြဖြစ်ပါတယ်။

Photo Source: Pngtree

(3)မိုးပျံပူဖောင်းတွေကြောင့် ရဟတ်ယာဉ်တစ်စီးပျက်ကျ ခဲ့ဖူးပါတယ်။ ဒါကြောင့် အမေရိကမှာ မိုးပျံပူဖောင်း လွှတ်တင်ခြင်း ကို ကန့်သတ်ထားတဲ့ ဥပဒေရှိပါသတဲ့။ အကယ်၍သာ မိုးပျံပူဖောင်းတွေကို ကန့်သက်ထားတဲ့ အရေအတွက်ထက်ပိုပြီးတော့ များစွာ လွှတ်တင်မိမယ်ဆိုရင် ဒဏ်ငွေနဲ့ေ ထာင်ဒဏ် တွေကိုပါ ကျခံရမှာပဲဖြစ်ပါတယ်။ 

Photo Source: သံ ဇဉ် မိုးဇတ်

Source: သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။