ပရိသတ်ကြီးကို အခုအခါမှာ ဗဟုသုတအဖြစ်ဖော်ပြပေးချင်တာကတော့ လူသွားလိုပုံစံမျိုးလေးတွေပါရှိတဲ့ ပါကူငါးအကြောင်းပဲ ဖြစ်ပါတယ်။ အမေဇုန်မမြစ်ဝှမ်းတစ်လျှောက်မှာ အများဆုံး တွေ့ရတတ်တဲ့ ဒီပါကူငါးတွေ အကြောင်းကို ပရိသတ်ကြီး ဗဟုသုတရစေရန်အတွက် အချက်အလက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

photo credit : Pngtree
photo credit : Pngtree

ပါကူငါးတို့သည် အမျိုးသမီးများထက် အမျိုးသားများအတွက်ပို၍ကြောက်ဖွယ်ဖြစ်ပါတယ်။ သားစားငါးမျိုးစိတ်တွင် ကြီးမားသော ငါးမျိုးဖြစ်ပြီးလူ့သွားများနှင့် တူသော သွားများရှိကြပြီး အသား၊အရွက် နှစ်မျိုးစား ငါးများဖြစ် ပါတယ်။ အသီးအနှံများ နှင့် အစေ့အဆန်များကို စားကြသော်လည်း အမေဇုန်တွင် သူတို့ စားရန် မည်သည့်အသီး အဆန်မှ အပင်မှ ကြွေမကျသဖြင့် အချို့သော အမျိုးသားများ၏ ခြေသလုံးသားတို့သည် ပါကူငါးတို့၏ စားစရာဖြစ်လာခဲ့ပါတယ်။

photo credit : Pngtree
photo credit : Pngtree

ပါပါးနယူးဂီနီမှ မှတ်တမ်းများအရ ပါကူးကိုက်၍ သေဆုံးသွားသောအမျိုးသားတစ်ဦး၏ လိင်အင်္ဂ ါကို ကိုက်ဖြတ် ထားကြောင်းတွေ့ရှိခဲ့ရပါတယ်။ အစားအစာကို လူများသွားဖြင့်ကြိတ်ဝါးကာ စားသောက်ကြသကဲ့သို့သားကောင်ကို လူနှင့်တူစွာစားတတ်ကြသည့် ပါကူ သားစားမျိုးတို့သည် ယခုအခါတွင် အမေဇုန်တွင်သာမက ဥရောပရေပြင်များသို့ပင် ရောက်ရှိနေပြီ ဖြစ်ပါတယ်။

photo credit : Pngtree
photo credit : Pngtree

Source : မောင်သာ (ရှေးဟောင်းသုတေသန )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။