photo credit - liquipedia

Farming တစ်ပေါက်မှာ လျှမ်းလျှမ်းတောက်တဲ့ carry player တစ်ဦးဖြစ်တဲ့ Resolut1on ကတော့ J.Storm အသင်းကနေ ထွက်ခွာပြီးနောက် Virtus.pro အသင်းကိုရှောက်ရှိသွားပြီပဲဖြစ်ပါတယ်။

ထူးဆန်းနေတာတခုကတော့ Resolut1on ဟာ သူအရင်ဆော့နေကြ carry ကနေ ပြောင်းလဲပြီး Virtus.pro အသင်းမှာ offlane role နေရာကို ပြောင်းလဲကစားသွားမှာပဲဖြစ်ပါတယ်။

Farming ကောင်းတဲ့ Resolut1on ကို offlane ဆော့ခိုင်းမယ်ဆိုရင်တော့ အသင်းအတွက် ဘယ်လောက် အထောက်အကူဖြစ်လာမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

ဒါ့အပြင် Virtus.pro ကနေ ထွက်ခွာသွားတဲ့ carry player Ramzee ကလည်း EG အသင်းမှာ offlane ပြောင်းဆော့မှာဆိုတော့ ဒီနှစ်သင်းထိပ်တိုက်တွေ့တဲ့အခါ ဘယ်သူ့ offlane က ပိုသာမလဲဆိုတာက စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရမှာပါပဲ။

လက်ရှိ Virtus.pro အသင်းထုန်ပြန်ထားတဲ့ roster ဟာဆိုရင်လည်း

Po 1 – epileptick1d

Po 2 – Noone

Po 3 – Resolut1on

Po 4 – tbd

Po 5 – solo ဖြစ်ပြီး အသင်းကနေ အနားယူသွားတဲ့ po 4 plaer RodjER နေရာမှာ အစားဝင်မယ့် player နာမည်ကိုတော့ ကြေညာထားခြင်းမရှိသေးပါဘူး။

Source – Virtus.pr twitter

Orginal Link >https://twitter.com/virtuspro/status/1178581305308712960

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။