အင်္ဂလန်နိုင်ငံ Wiltshireမှာ ရှိတဲ့ နာမည်ကြီး Stonehenge တွေကို မသိသူမရှိစလောက်ပါပဲ။ ထိုကျောက်တုံးတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်က ဘယ်ကမှန်းမသိတဲ့ လူတွေဟာ ကျောက်တုံးတွေ ကျောက်တိုင်တွေကို ဆင့်ပြီး စက်ဝိုင်းပုံ တည်ဆောက်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ကျောက်တုံးကြီးတွေကို ခေတ်မီတဲ့ သိပ္ပံနည်းပညာတွေမပါဝင်ပဲ ဘယ်လို တည်ဆောက်ခဲ့လဲ ဆိုတာကတော့ ယနေ့အချိန်အထိ ဘယ်သူမှတိတိကျကျ မပြောနိုင်သေးပါဘူး။

Photo Credit : Pngtree
Photo Credit : Pngtree

ဒီကျောက်တုံးတွေကြီးအောက်က မြေကြီးထဲမှာတော့ လူသားတွေ မြုပ်နှ့ထားတဲ့ ရုပ်ကြွင်းတောတော်များများကို တွေ့ မြင်ခဲ့ရပါတယ်။ Stonehenge ကို ဘာသာရေးပွဲတော်တွေ လုပ်ဖို့ l လေ့လာရေး အဖွဲ့တွေ လည်ပါတ်ဖို့ l ပျော်ပွဲစား ထွက်ဖို့ကိုလည်း အစိုးရက ခွင့်ပြုထားပါတယ်။ ဒါ့အပြင် Stonehenge မှာ ယနေ့ အချိန်အထိ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ပြောစမှတ်တွင်ခဲ့တဲ့ ကြောက်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်တုန်းက Hippies လို့ခေါ်တဲ့ အင်္ဂလန်နိုင်ငံ ဟော့ဟော့ရမ်းရမ်း လူငယ် တစ်စုဟာ Stonehenge အလယ်မှာ ရွက်ဖျင် တဲတွေထိုးပြီး မီးပုံဖိုကာ ပျော်ပွဲစားလုပ်နေခဲ့ပါတယ် ည သန်းခေါင်းကျော် ၂ နာရီလောက်မှာ တော့ ကောင်းကင်ပေါ်မှ လျပ်စစ် လှိုင်းတွေ ကျလာပြီး ၎င်းလူငယ် တွေကို လောင် ကြွမ်း စေခဲ့ပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

မျက်မြင်သက်သေ ရဲအရာ ရှိ နှင့် လယ်သမား တစ်ယောက် ရဲ့ပြောပုံ အရ

ကောင်းကင် ပေါ်မှ ကျလာတဲ့ လျပ်စစ် မိုးကြိုး ပုံ စံ မီးတန်းတွေ ရဲ့အရောင် ဟာ စူးရှပြီးပြာလဲ့လဲ့ အရောင် တွေဖြစ် ကာ လူငယ်တွေပေါ် ကျရောက် လောင်ကြွမ်းစဉ် လူငယ်တွေဟာ ဆောက်တည်ရာ မရဘဲအော်ဟစ် ပြေးလွားကြသော် လည်း တစ်ယောက်မှ မလွတ် ဘဲ မီးလောင် သေဆုံးကုန်ကြ ဟန်ရှိ သည်ဟု ဆိုပါတယ် သို့သော် မနက် မိုးလင်းချိန် ၌ Hippies လူငယ် အဖွဲ့ ဟာ လုံးဝ ပျောက်ဆုံး ကုန်ကြပြီး ရွက်ဖျင် တဲ များသာ ကျန်ခဲ့ သည်ဟု မျက်မြင်သက်သေတွေကဆိုပါတယ်။

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

Source : Once A Glance Page

Photo Credit : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။