Mobile Legends ထဲကို သိပ်မကြာသေးခင်လောက်ကမှ ရောက်ခဲ့တဲ့ Hero ဖြစ်သူ X.Borg ကတော့ ခုတလောမှာဆိုရင် ကိုင်လို့မရလောက်အောင်ကို Ban ခံနေရပါတယ်။ သူရှို့တဲ့မီးကလဲတော်တော်ဆိုးတဲ့အပြင် သွေးကလဲ နှစ်မျိုးပါတာမို့ Aldous တောင်သတ်မရလောက်အောင်ရှိနေပါတယ်။ သူကို့သတ်ရတာခံပြီး ထိန်းရတာလဲခတ်တာမို့ ခဏခဏ Ban နေကြရပါတယ်။ အောက်မှာတော့ Skill အနည်းငယ်ကို ရှင်းပြလိုက်ပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game

Skill 1 ကတော့ သတ်မှတ်နေရာကို မီးသေနတ်နဲ့ပစ်လိုက်တာဖြစ်ပြီး အထိခံရတဲ့သူဟာ သတ်မှတ်အပူချိန်ကျော်ရင် True Damage ထိစေပါတယ်။ Armor မရှိတဲ့အချိန်ဆိုရင် မီးသေနတ်ပစ်တဲ့နေရာဟာ ကျဉ်းသွားပြီး ပိုဝေးဝေးထိမှာဖြစ်ပါတယ်။ Skill 2 ကတော့ မီးတိုင်၆တိုင်ကို ပစ်လိုက်ပြီး ၁.၂ စက္ကန့် ကြာမှာဖြစ်ပါတယ်။ အချိန်ပြည့်ရင်တော့ ပြန်လာကာ မီးတိုင်လာရာတောက်လျှောက်မှာ ရှိတဲ့ သူ့ကို ဆွဲခေါ်လာမှာဖြစ်ပါတယ်။ အကယ်လိုများ မီးတိုင်တွေလာရာလမ်းမာ မီးတောက်အထောက်အပံ့များရှိပါက တခါတည်း ပါလာမှာဖြစ်ပါတယ်။ Armor မရှိချိန်ဆို မီးတိုင်တွေက ပိုဝေးဝေးပစ်နိုင်ပြီး ကျဉ်းသွားမှာဖြစ်ပါတယ်။ Ulti ကတော့ မီးတွေပတ်ပတ်လည်ကို မှုတ်ထုတ်လိုက်တာဖြစ်ပြီး ရန်သူတွေကိုနှေးစေကာ True Damageထိပြီး သူပေါက်ကွဲသွားတဲ့ချိန်မှာ ရန်သူတွေကို ၅၀ရာခိုင်နှုန်း Damage ပိုထိစေပါတယ်။ မီးမှုတ်နေတဲ့ချိန်မှာ Ulti ထပ်နှိပ်ရင် သူကိုယ်သူဖောက်ကွဲလိုက်မှာဖြစ်ပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game

Ulti ကတော့သူရဲ့ Armor ရှိတဲ့ချိန်မှာပဲ သုံးလို့ရပါတယ်။ Passiveကတော့ သူသွေးတစ်ဝက်က Armor ဖြစ်နေမှာဖြစ်ပြီး Armor ပေါက်ကွဲသွားရင် လှည့်ရာနေရာကို ခုန်ကူးမှာဖြစ်ပါတယ်။ သူရဲ့ အောက်က အဝါတန်းပြည့်သွားရင် Armor ကို သွေး ၃၀ရာခိုင်နှုန်းနဲ့ပြန်ရမှာဖြစ်ပါတယ်။ Battle ဆိုင်ပြီးဆိုရင်တော့ Ulti နဲ့ရန်သူကြားထဲဝင်ပြီး မီးတွေမှူတ်ထားပါစေ။ ကုန်ခါနီး ကျရင် Skill 2 သုံးပြီး မီးဓာတ်ဗူးလေးတွေကိုပြန်ယူပါ။ အဲ့နောက် Skill 1 သုံးပြီး Armor ပြန်ရအောင်လုပ်ပါ။ သတိထားရမှာက Ulti သုံးနေစဉ် Ulti ကိုထပ်မနှိပ်မိပါစေနဲ့။ Emblem နဲ့ Item ကတော့ခုလက်ရှိ Global 1 ရဲ့ဟာတွေဖော်ပြပေးလိုက်ပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။