Hanabi ဟာဆိုရင် Late Game ကြမ်းတဲ့ Hero တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူ့ရှေ့မှာ Tank တစ်ကောင်ရှိတာနဲ့ ဘာလာလာ မမူတော့ပါဘူး။ Damage တွေက အချိန်ကြာလာတာနဲ့အမျှပြင်းသထက်ပြင်းလာတာမို့ ပွဲစကတည်းက နှိမ်ထားရင်တောင် Late Game ကြရင် ထိန်းမရတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ Hero ဆိုတာကိုင်တက်မှကြမ်းတာပါ။ အောက်မှာတော့ သူရဲ့ Skill ကို အနည်းငယ်ပြောပြလိုက်ပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game

Skill 1ကတော့ ဖွင့်သုံးလို့ရပြီး အဲ့အချိန်မှာ Lifesteel 8ရာခိုင်နှုန်းရကာ Level အလိုက်တိုးသွားမှာဖြစ်ပါတယ်။ အဲ့အပြင် သူရဲ့ Basic Attack ဟာလဲ ရန်သူတွေကို ဆင့်ကဲထိနိုင်စေပြီး ပထမဆုံးထိချက်ထက် ဒုတိယ ထိချက်က Damage လျော့လျော့သွားပါမယ်။ ၃ကြိမ်ထိ ဆင့်ကဲထိနိုင်ပါတယ်။ Skill 2ကတော့ စာလိပ်တစ်ခုကိုပစ်လိုက်မှာဖြစ်ပြီး Damage ထိစေကာ နှေးစေပါမယ်။ အဲ့အပြင် Mana လဲပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ Ulti ကတော့ Higanbana ကိုပစ်လိုက်ကာ ရန်သူကိုထိရင် ပွင့်လာပြီး လှုမ်ရအောင်ချုပ်ကာ အဲ့ကွင်းထဲမှာရှိတဲ့သူလဲ ထပ်အချုပ်ခံရမှာဖြစ်ပြီး တူညီတဲ့ Damage ထိစေပါမယ်။  

Photo Credit : Screenshot From Mobile Legends Game

Passive ကတော့ သူတိုက်ခိုက်ပြီးနောက်မှာ သွေးရဲ့ ၂၀ရာခိုင်နှုန်းကို Shield အဖြစ်ပြောင်းပေကာ အဲ့Shield က CC effect အားလုံးကို Immune စေပါတယ်။ Battle ဆိုင်ပြီဆိုရင် Ulti ကိုသုံးလိုက်ကာ Skill 1 ဖွင့်ပြီး ပစ်ပါ။ Skill 2လေးလဲ သုံးဖို့မမေ့ပါနဲ့.....ကိုယ်သာ Ulti ကိုသေသေချာချာချိန်ပစ်တက်ရင် အဆင်ပြေပါပြီ။ Global 1 ရဲ့ Item နဲ့ Emblem ကိုပဲ ဖော်ပြပေးလိုက်ပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။