မ​နေ့ညကဝက်​ဖို့ဒ်​အသင်​းကို၃ဂိုးပြတ်​နဲ့အနိုင်​ရရှိခဲ့တဲ့ပွဲမှာလက်​စတာစီးတီးမန်​​နေဂျာခရိတ်​ရှိတ်​စပီးယားဟာအသင်​းပိုင်​ရှင်​ရဲ့လက်​မ​ထောင်​ကာချီးကျူးမှုကိုခံခဲ့ရ​ပေမယ်​့လည်​းသူ့နဲ့လက်​စတာအသင်​းရဲ့ကာလရှည်​ရည်​မှန်​းချက်​ဟာဘာမှမသိရ​သေးဘူးလို့​ပြောလိုက်​ပါတယ်​။

ပြီးခဲ့တဲ့​ဖေ​ဖော်​ဝါရီကက​လောဒီယိုရာ​နေရီအထုတ်​ပယ်​ခံခဲ့ရပြီး​နောက်​လက်​စတာကိုရာသီကုန်​ထိယာယီကိုင်​တွယ်​ခွင်​့ရခဲ့တဲ့ရှိတ်​စပီယားဟာရလဒ်ဆိုးဝားခဲ့တဲ့​ပရီးမီးယားလိဂ်​ချန်​ပီယံကိုတန်​းဆင်​းဇုန်​ဝန်​းကျင်​မှအဆင်​့ကိုး​နေရာအထိပို့​ဆောင်​ထားနိုင်​ခဲ့​ပေမယ်​့လာမည်​့ရာသီလက်​စတာကို​ဆက်​လက်​ကိုင်​တွယ်​ရအုံးမလား​ဆိုတာမ​သေချာ​သေးပါဘူး။

ရှိတ်​စပီးယားက "ဝက်​ဖို့ဒ်​နဲ့ပွဲမှာအသင်​းဥက္ကဋ္ဌကကျွန်​​တော့်​ကိုလက်​မ​ထောင်​ပြခဲ့ပါတယ်​။ အရာအားလုံးဟာရာသီကုန်​မှာသာသိရမယ်​ထင်​ပါတယ်​။ ကျွန်​​တော်​အဓိကလုပ်​​ဆောင်​ရမှာက​တော့အမြင်​့ဆုံးရပ်​တည်​မှုနဲ့ရာသီသိမ်​းဖို့ပါ။ ကျွန်​တော်​တို့သုံးပွဲကစားဖို့ကျန်​​နေ​သေးပြီးပွဲစဉ်​တိုင်​းကိုအနိုင်​ယူလိုပါတယ်​။ဒါ​ပေမယ်​့ဘယ်​ပွဲမှလွယ်​ကူမှာမဟုတ်​ပါဘူး။

လက်​ရှိအချိန်​မှာကျွန်​​တော်​့နည်​းနည်​းအသက်​ရှု​ချောင်​လာပါတယ်​။ တန်​းဆင်​းအန္တရာယ်​မရှိ​တော့တာ​ကြောင်​့စိုးရိမ်​စိတ်​သိပ်​မဖြစ်​​တော့​ပေမယ်​့အနိုင်​​သေချာ​အောင်​​တော့လုပ်​ရမှာပါ။ ကျွန်​​တော်​တို့ တစ်​သင်​းလုံးချီးကျူးမှုနဲ့ထိုက်​တန်​ပါတယ်​။" လို့​ပြောခဲ့ပါတယ်​။

ချန်​ပီယံလက်​စတာဟာဒီရာသီရဲ့​နောက်​ဆုံးလက်​ကျန်​ပွဲစဉ်​သုံးပွဲအဖြစ်​မန်​စီးတီး စပါး ဘုန်​း​မောက်​တို့နဲ့ကစားရမှာဖြစ်​ပါတယ်​။

Ref: Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။