သူရှိနေတာကို သိရက်နဲ့ လူတွေစုစုဝေးဝေးနေနေလို့တော့ တော်တော်ကို တုံးအတဲ့ Player တွေလိုပဲပြောရပါမယ်။ သူရဲ့ Ulti က တစ်ယောက်ထဲဆို သိပ်မထိပေမဲ့ အုပ်စုလိုက်ဆိုရင် တော်တော်လေးကို ပြင်းပါတယ်။ သူနောက်ကိုလိုက်သတ်ရင်လဲ Kimmy လို့ပဲ ကိုယ့်ကို ပြန်သတ်သွားနိုင်ချေရှိပါတယ်။ သူရှေ့မှာ ခံပေးနေတဲ့သူရှိလို့ကတော့ ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ 

Photo Credit : Screenshot From Mobile Legends Game

Skill 1ကတော့ သတ်မှတ်နေရာကို မြားမိုးရွာတာဖြစ်ပြီး ရန်သူတွေကို Damage ထိစေကာ ၃စက္ကန့် Phy Defense ချစေပါတယ်။ Skill 2ကတော့ leo ဟာအော်လိုက်တာဖြစ်ပြီး အဲ့အော်တဲ့ဘေးပတ်လည်က ရန်သူတွေဟာ ၂စက္ကန့်ကြာ ၈၀ရာခိုင်နှုန်းနှေးနေမှာဖြစ်ပြီး Damage ထိစေပါတယ်။ Ulti ကတော့ သူမဟာ Leo ကိုသတ်မှတ်နေရာ ခုန်လိုက်စေပြီး မြားအကြီးစားတွေနဲစတင်ပစ်ခတ်မှာဖြစ်ပြီး အပစ်ခံရသူဘေးက ရန်သူတွေလဲ Damage ထိစေမှာဖြစ်ပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

Passive ကတော့ လမ်းလျှောက်ရင် ပစ်နိုင်ကာ သုံးချက်ပစ်ပြီးတိုင် အချိန်ခဏယူကာ ပစ်ပါမယ်။ ပထမဆုံး ပစ်ချက်သာလျှင် Item ရဲ့ အစွမ်းကိုရမှာဖြစ်ပြီး ကျန် ၂ချက်က သာမန် 42% Physical Damage ရှိပါတယ်။ Battle ဆိုင်ရင်တော့ Ulti အရင်သုံးကာ Skill 2ကိုဖွင့်ပါ..အဲ့နောက်မှာ ထိုင်တာပစ်နေပါ..အချိန်ရရင် Skill 1 လေးသုံးပါ။ ရန်သူတွေအနေနဲ့ ရင်ဆိုင်ရခတ်နေတာမို့ သူမရဲ့ Ulti ကတော်တော်လေးကို ကြမ်းပါတယ်။ Set ကတော့ Global 1 ရဲ့ ဟာတွေဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။