အောက်တိုဘာလအတွင်း ကျင်းပမည့် AFC U-19 Women Championship 2019 ပြိုင်ပွဲအတွက် ပြင်ဆင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဗီယက်နမ် အမျိုးသမီး ယူ-၁၉အသင်းနှင့် ခြေစမ်းပွဲ ၂ ပွဲ အပါအဝင် စုစုပေါင်း ခြေစမ်းပွဲ ၄ ပွဲ ကို မန္တလေးမြို့တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

နည်းပြချုပ် ဒေါ်သက်သက်ဝင်း တာဝန်ယူကိုင်တွယ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် အောက်တိုဘာ ၆ရက်မှ ၁၉ရက် နေ့အထိ မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းတွင် သွားရောက်လေ့ကျင့်မည် ဖြစ်ပြီး အဆိုပါ လေ့ကျင့်ရေးကာလအတွင်း ဗီယက်နမ်အမျိုးသမီး ယူ-၁၉ အသင်း နှင့် ခြေစမ်းပွဲ ၂ပွဲ၊ ပြည်တွင်းအသင်းများနှင့် ခြေစမ်းပွဲ ၂ပွဲ စုစုပေါင်း ခြေစမ်းပွဲ ၄ပွဲ အထိ ကစားရန် စီစဉ်ထားခြင်း ဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

အောက်တိုဘာ ၁၁ရက် နှင့် ၁၃ရက်တွင် ဗီယက်နမ် အမျိုးသမီး ယူ-၁၉ အသင်းနှင့် ခြေစမ်းမည်ဖြစ်ပြီး အောက်တိုဘာ ၁၆ရက်တွင် ISPE အသင်း၊ အောက်တိုဘာ ၁၈ရက်တွင် မန္တလေးဘောလုံးအကယ်ဒမီ ယူ-၁၄ အသင်း များနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် AFC U-19 Women Championship 2019 ပြိုင်ပွဲ ကို အောက်တိုဘာ ၂၈ရက်မှ နိုဝင်ဘာ ၉ရက် အထိ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့တွင် ကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပါတယ်။

source: MFF 's facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။