အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းပေါ်တွင် အကျဉ်းသားများ ပြည့်ကျပ်နေသည့် အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၂ဝဝ ထောင်ဖောက်ပြေးမှုဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးထိန်းသိမ်းခဲ့ရာ အကျဉ်းသား ၁၄ဝ ပြန်လည်ဖမ်းမိခဲ့ပြီး အကျဉ်းသား ၆ဝ လွတ်မြောက်နေဆဲ ဖြစ်သည်ဟု သိရသည်။

ရီယာပြည်နယ် ပက်ကန်ဘာရိုမြို့ရှိ အကျဉ်းထောင်သည် မေ ၅ ရက် မွန်းလွဲပိုင်းတွင် ထောင်ဖောက်ပြေးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အကျဉ်းထောင်အတွင်းရှိ ဘာသာရေးအဆောက်အအုံတွင် ဝတ်ပြုဆုတောင်းကြပြီးနောက် နေရထိုင်ရသည်မှာ အလွန်ကျပ်တည်းလှသည်ဟု အကျဉ်းသားများက စောဒကတက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ ထို့နောက် အကျဉ်းသားအချို့က အကျဉ်းထောင်ပေါက်ဝကို ဖျက်ဆီးကာ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။

လွတ်မြောက်နေသည့် အကျဉ်းသားများသည် အကျဉ်းသားဝတ်စုံများကို လဲလှယ်ကာ သာမန်အရပ်သားများအဖြစ် ဟန်ဆောင်နေကြခြင်း ဖြစ်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် အကျဉ်းထောင်များတွင် အကျဉ်းသားများ အဆမတန်များပြားကျပ်တည်းနေမှုမှာ ဖိအားပေးခံနေရသည့် ပြဿနာတစ်ခုဖြစ်သည်။ ပက်ကန်ဘာရိုမြို့ရှိ အကျဉ်းထောင်သည် အကျဉ်းသား ၃၆ဝ သာထားရှိရမည့် အကျဉ်းထောင်ဖြစ်သော်လည်း အကျဉ်းသား ၁၈ဝဝ ခန့်အထိ နေထိုင်နေရသည်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။