၀က်စ်ဟမ်းနှင့်ပွဲမတိုင်မီထိ ချယ်လ်ဆီးကို အနီးကပ်ဆုံး အမှီလိုက်ရန်မျှော်မှန်းထားသော်လည်း ယခုအချိန်တွင် ခက်ခဲသွားပြီဟုစပါးနည်းပြ ပို်ချက်တီနိုက ၀က်စ်ဟမ်းကို

၁-၀ ဂိုးဖြင့် ရှုံးနိမ့်အပြီးတွင် ၀န်ခံပြောကြားလိုက်သည်။

"ကျနော်တို့ အကောင်းဆုံးရလာဒ်ရဖို့အစွမ်းကုန်ကြိုးစားခဲ့တာပဲ၊ ရှေ့ဆက်ပွဲတွေမှာလည်း ကြိုးစားဦးမှာပါ၊ ဒါပေမယ့်ချယ်လ်ဆီးကို လိုက်မီဖို့ဆိုတာ အင်မတန်

ခက်ခဲသွားပါပြီ" ဟု ပိုချက်တီနိုကပြောကြားခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် တနင်္လာနေ့ညတွင်မစ်ဒယ်ဘရော့အသင်းအား အနိုင်ရပါကစပါးအသင်းအား (၇)မှတ်အထိ ဖြတ်ထားနိုင်ပြီး နောက်တစ်ပွဲဆက်နိုင်ပါက စပါး

ရလာဒ်ကို ကြည့်စရာမလိုဘဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီ ဖြစ်သည်။

Credit - Myanmar Chelsea

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။