အပတ်စဉ် မရိုးသွားရအောင် ကမ္ဘာတစ်လွှား နိုင်ငံရပ်ခြားက ထူးဆန်းထွေလာ သတင်းများကို ပရိသတ်ကြီးကို တင်ဆက်ဖော်ပြခဲ့ပြီးတဲ့နောက် အခုတစ်ခါမှာဆိုရင်တော့ "Gloomy Suday" မဲမှောင်နေသော တနင်္ဂနွေ၊ (သို့မဟုတ်) လူတွေကို သတ်သေစေတဲ့သီချင်းအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ ထိုကြောက်မက်ဖွယ် သီချင်းကြီးကို ဟန်ဂေရီတေးရေးဆရာ "Rezső Seress" ဆိုသူက 1932 ခုနှစ်တွင် ရေးစပ်ခဲ့ပြီး 1936 ခုနှစ်တွင် ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်...။ စစ်ကြိုခေတ် သီချင်းဆိုရင်လည်း မမှားပါဘူး...။

Photo credit Once A Glance Page

March 30, 1936 ခုနှစ်တွင် ဤသီချင်းကြောင့် ကိုယ့်ကိုယ်ကို သတ်သေမှုတွေ ဖြစ်ပွားခဲ့သည်ဟု Time မဂ္ဂဇင်း ဆောင်းပါး တစ်ခုတွင် ဖေါ်ပြခံခဲ့ရပါတယ်...။ ဟန်ဂေရီ ဖိနပ်ထုတ်လုပ်သူ "Joseph Keller"သည် "Gloomy Sunday" သီချင်းစာသား ပါသည့် နုတ်စာရွက် လေးကို စန္ဒရား စင်ပေါ်တွင် ကိုင်လျက် စတင်သေဆုံးခဲ့တာဖြစ်ပါတယ်...။ နောက်ပိုင်းတွင် လူတော်တော်များများ၊ ထိုသီချင်းစာသားပါသည့် နုတ်စာရွက် လေးများကိုင်လျက် ထူးဆန်းစွာ သေဆုံးခဲ့ကြပါတယ်...။ လူနှစ်ဦးကတော့ သီချင်းသံကြားပြီး သေနတ် ဖြင့် မိမိ ကိုယ်ကိုပစ်သတ်ပြီး အဆုံးစီရင်ခဲ့ပါတယ်...။

Photo credit Once A Glance Page

ထိုကဲ့သို့ တုန်လှုပ်ခြောက်ခြားဖွယ် ဖြစ်ရပ်များက ဟန်ဂေရီ မှာတင် မဟုတ်ပါဘူး နယူးယောက် နှင့် အင်္ဂလန်တို့မှာလည်း သီချင်းကို နားထောင်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့သူများ ရှိခဲ့ပါတယ်...။ တစ်ကမ္ဘာ လုံးမှာသေခဲ့တဲ့ လူစာရင်း ကတော့ ၁၀၀ လောက်ရှိခဲ့တယ်လို့ဆိုပါတယ်...။ BBC (British Broadcasting Corporation) က 2002 ခုနှစ်အထိ ၎င်းသီချင်းကို ပိတ်ထားခဲ့ရပါတယ်...။ သီချင်းနားထောင်တဲ့ သူတွေဟာ စိတ်ဖိစီး စိတ်ဓါတ်ကျဆင်းပြီး ရည်ရွယ်ချက်မဲ့ကာ ကိုယ့်ကိုယ်ကို အဆုံး စီရင်ခဲ့ကြသည် ဟုသိရပါတယ်....။ ထိုသီချင်း (Original version) ကို မြန်မာလို ပြန်ဆိုထားတဲ့ စာသားလေးက........ဆောင်ဦးပေါက်မှာ သစ်ရွက် ကလေးတွေကြွေဆင်းနေတယ်...၊ လေနုအေးဟာ ဝမ်းနည်းခြင်းမျက်ရည်တွေကို ကျဆင်းစေခဲ့တယ်...၊ ငါ့နှလုံးသားဟာ ဆောင်တွင်း အသစ်ကို ပြန်ရောက်ရှိဖို့ မျော်လင့်ချက် မဲ့ခဲ့လေပြီ...၊ နှလုံးသားမဲ့ သူတွေရဲ့ လောဘ အလိုရမက် တွေအောက်မှာ ငါ့မျက်ရည်တွေနဲ့ ဝမ်းနည်းခြင်းတွေဟာ ချုပ်ငြိမ်း သွားခဲ့ရပြီ...။ အချစ်တွေလည်း သေဆုံးခဲ့ပြီ မျော်လင့်ချက်ဆိုတဲ့ စကားလုံး တွေဟာ ကမ္ဘာမြေပျက်သုန်း ခြင်းနဲ့အတူ ချုပ်ငြိမ်းခဲ့လေပြီ...။ အမြောက်ဆံ ဗုံးဆံ တွေ ရဲ့ဖန်တီးတဲ့ ဂီတသံတွေကြောင့်နယ်မြို့လေးပျောက်ဆုံးခဲ့ပြီဘဲ Meadows မြို့လေးဟာ လူတွေရဲ့ သွေးနီရောင် လွှမ်းခဲ့လေပြီ...။ နေရာအနှံမှာအသက်မဲ့နေတဲ့လူသားခန္ဓာတွေ အတွက်တည်တည်ငြိမ်ငြိမ်ဆုတောင်းပေးတက်တဲ့ သူတော်စင်ကို ငါပြောပေးရဦးမယ်...။ လူတွေလူတွေအတ္တအရမ်းကြီးတက်လာတာခေါင်းဆောင်တွေအမှားကြောင့်ဘဲ...။ ကမ္ဘာမြေကြီး ချုပ်ငြိမ်း ခဲ့လေပြီ...။

source သံ ဇဉ် မိုးဇတ်

Photo credit သံ ဇဉ် မိုးဇတ်  

Photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။