MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးမှာ Clean Sheets အများဆုံးရရှိထားတဲ့ ဂိုးသမားတွေထဲမှာကျော်ဇင်ထက်က ထိပ်ဆုံးက ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ကျော်ဇင်ထက်ဟာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ဒုတိယအကျော့ပွဲစဉ်တွေမှာ စတင်ကစားခဲ့ပါတယ်။

photo credit :Yangon United Football Club ' s facebook
photo credit : Yangon United Football Club 's facebook

ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ကျော်ဇင်ထက်ဟာ ဒုတိယအကျော့ ၁၂ ပွဲမှာ ၁၁ ပွဲ ကစားထားပြီး အဲဒီ ၁၁ ပွဲမှာ ခုနစ်ပွဲက ပေးဂိုးမရှိ Clean Sheets ရရှိထားတာဖြစ်ပါတယ်။အလားတူ ဧရာဝတီယူနိုက်တက်အသင်းရဲ့ ဂိုးသမား ကျော်ဇင်ဖြိုး၊ ရခိုင်ယူနိုက်တက်အသင်း ဂိုးသမား တေဇာအောင်တို့ကလဲ ခုနစ်ပွဲ Clean Sheets ရရှိထားတဲ့ ဂိုးသမားများဖြစ်ပါတယ်။

photo credit : Myanmar National League's facebook
photo credit : Myanmar National League's facebook

ဟံသာဝတီယူနိုက်တက်အသင်း ဂိုးသမား ကိုကိုနိုင်က ခြောက်ပွဲ Clean Sheets ရရှိထားပါတယ်။MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲမှာတော့ ရှုမ်းယူနိုက်တတ်အသင်းက ဗိုလ်စွဲခဲ့တာပဲဖြစ်ပြီး ဧရာဝတီအသင်းက ဒုတိယ ရန်ကုန်ယူနိုက်တတ်အသင်းက တတိယနဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

source:   Myanmar National League's facebook

photo credit : Myanmar National League's facebook
photo credit : Myanmar National League's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။