ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ Loyal Tomy ( လွိုင်ရယ်တွန်မီ)ခွေးလေးရဲ့ ဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်လေးပဲဖြစ်ပါတယ်....။ လွိုင်ရယ်တွန်မီဆိုတဲ့ ၆နှစ်သားအရွယ် ခွေးလေးဟာ သူ့သခင် အသုဘ အခမ်းအနား ပြီးသည့်နေ့ မှစပြီး သေဆုံးသွားတဲ့ သူသခင်မ "Maria" (မာရီယာ) ပြန်လာနိုးနိုးကို "Church" ကျောင်းထဲမှာ နေ့စဉ်နေ့တိုင်း သူ့သခင်ကို လာရှာလေ့ရှိပါတယ်...။ ဘုရားကျောင်းလာ သူတွေရဲ့ မျက်နှာလေးတွေကိုမော့ကြည့်ပြီး သူ့သခင်ကို ရှာတတ်တာတဲ့နော်...။ စာဖတ်ပရိသတ်ကြီးရယ် ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်မလဲနော်...။

Photo credit pngtree

ခွေးလေးကို အမြဲအားပေးပြီး အပြုံးနဲ့ ဆီးကြိုတက်တဲ့သူ့သခင်ကို မတွေ့ရတဲ့အခါမှာ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း စင်မြင့် ရှေ့မှာ ခွေခွေလေးစိတ်ပျက် အားလျော့ပြီး အိပ်နေလေ့ ရှိတတ်ပါတယ်...။ Church ( ဘုရားရှိခိုးကျောင်း ) ရဲ့ ဘုန်းတော်ကြီး ပြောပုံအရတော့ ၎င်းခွေးလေး ကိုကြည့်ရတာ သူ့အသည်း နှလုံးတွေ လွှင့်ပစ် ခံထားရပုံရပြီး နေ့တိုင်း သူ့သခင်ကို တိတ်တိတ်လေးလာရှာတတ်ပါတယ်...၊ ဒါပေမဲ့ သူလာတိုင်း ဘာသံမှ မပေးတတ်သလို ဘယ်သူ့ကိုမှ အနှောက်အယှက်လည်း မပေးပါဘူးတဲ့နော်....။ ကျွန်တော် သူ့ကို တော့ Church ကျောင်ထဲကို ဝင်ခွင့်ပေးထားပါတယ်...၊ သူ့ကိုကျွန်တော် အနှောက်အယှက် မပေးရက်ပါဘူး...၊ ခုဆို သူလာရှာနေတာ နှစ်လလောက်ရှိနေပါပြီ' ဟုပြောပြခဲ့ပါတယ်...။

Photo credit pngtree

ခွေးလေးရဲ့ သခင်မ "Maria" ( မာရီယာ)က ခွေးလေးကို လယ်ကွင်းတစ်ခုထဲမှာ တွေ့လို့ကောက်ယူမွေးစားခဲ့ရင်း ဘုရားကျောင်းကို လည်း ညနေတိုင်း လမ်းလျောက်လေ့ ရှိပါတယ်...။ Maria သေဆုံးသွားခဲ့သည့်နေ့မှ စပြီး ခွေးလေးက ယခုလို နေ့စဉ်နေ့တိုင်း လာရောက်ရှာဖွေနေခြင်းဖြစ်ပါတယ်...။ "Brindisi" နားက San Donaci ဘုရားကျောင်းမှ ဝမ်းနည်းကြေကွဲ လွမ်းဆွတ်ဖွယ် အဖြစ်အပျက်လေးတစ်ခုဖြစ်ပါတယ်....။ အမြဲတင်ဆက် ဖော်ပြပေးနေတဲ့ ကမ္ဘာတစ်ဝှမ်းက ဗဟုသုတ၊ ရသဖြစ်ဖွယ် အကြောင်းအရာမျိုးစုံကို ဖတ်ရှုရခြင်းဖြင့် ကျေနပ်အားရကြမယ်လို့ မျှော်လင့်မိပါတယ်...။

source Once A Glance Page

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။