ပရိသတ်ကြီးရေ........ဒီတစ်ခါမှာတော့ အချစ်မေတ္တာတရားနဲ့ပတ်သက်ပြီး စမ်းသပ်ချက်ပြုလုပ်ခဲ့တဲ့ အကြောင်းလေးကို တင်ဆက်ဖော်ပြပေးမှာဖြစ်ပါတယ်...။ ထိုစမ်းသပ်ချက်လေးကိုတော့ "I love you and I hate you experiment" လို့ခေါ်ပြီး မြန်မာလိုကတော့ "မင်းကိုချစ်တယ်၊ မင်းကိုမုန်းတယ် စမ်းသပ်ချက်"လေးပဲဖြစ်ပါတယ်...။ ပရိသတ်အချို့ကတော့ သိကြမှာပါ....၊ မသိသေးတဲ့ သူတွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်...။ ဂျပန်နိုင်ငံ "Dr.Masru Emoto"ဆိုသူက သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ပြီး ရေခဲသေတ္တာထဲမှ ရေဖန်ခွက်ရဲ့ နံရံ မှာကပ်တွယ်နေတဲ့ ရေမော်လီကျူ (water molecules)လေးတွေကို အဏုကြည့် မှန်ဘီလူးနဲ့ကြည့်ပြီး စူးစမ်းလေ့လာခဲ့တာဖြစ်ပါတယ်...။

သို့သော် ရေခြင်း တူပေမဲ့ ရေမှုန် မော်လီကျူး ပုံဆောင်ခဲလေးတွေက မတူညီပါဘူး...။ ဒါနဲ့ "Mr. Masru"ဟာ ဘုရားကျောင်း"Disco club" ဂီတ အနုပညာကျောင်း တွေက ရေခဲသေတ္တာ ထဲမှာရှိတဲ့ ဖန်ခွက်ထဲက ရေမှုန်၊ ရေမွှား မော်လီကျုးလေးတွေကို ထပ်မံ ကြည့်ရှုစမ်းသပ်ခဲ့တဲ့အခါမှာ...မေတ္တာတရားတွေ အပြည့်နဲ့ ဆုတောင်းပေးနေတဲ့ ဘုရားကျောင်းက ရေခဲသေတ္တာထဲမှ ရေမှုန် မော်လီကျူး ပုံဆောင်ခဲလေးတွေဟာ "Disco club" ဂီတ အနုပညာ ကျောင်းတွေက ရေမော်လီကျူး၊ ရေခဲပုံဆောင် ခဲလေးတွေထက် အဆပေါင်းများစွာ လှပနေတာကို အံ့သြစွာ တွေ့ရှိခဲ့ပါတယ်....။ ဒါနဲ့ သူလည်း ဖန်ခွက်လေးထဲကို ရေထည့် "I hate you" ( မင်းကိုမုန်းတယ်) လို့ပါးစပ်က ရော စိတ်ထဲကပါ အားနဲ့ ရွတ်ဆိုပြီး စာတမ်းလေးကပ်...၊ နောက်ထပ် ဖန်ခွက်လေးထဲမှာလည်း တူညီတဲ့ ရေကိုထည့် "I love you" (မင်းကိုချစ်တယ်) လို့ ပါးစပ်ကရော၊ စိတ်ထဲကပါ အားရပါးရ အကြိမ်ကြိမ် ရွတ်ဆိုပြီး စာတမ်းလေးကိုကပ် မိနစ် 20 လောက် ရေခဲသေတ္တာထဲမှာ အေးခဲစေပါတယ်....။

ထို့နောက် ခဲသွားတဲ့ ဖန်ခွက် နှစ်ခုရဲ့ နံရံမှာကပ်နေတဲ့ ရေခဲမှုန် မော်လီကျူးလေးတွေကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါမှာတော့ "I love you" ( မင်းကိုချစ်တယ်)ခွက်ထဲက ရေခဲမှုန်လေးတွေဟာ "I hate you" (မင်းကိုမုန်းတယ်) ခွက်ထဲက ရေခဲမှုန်မော်လီကျူးတွေထက် လှပနေတာကို ထပ်မံ တွေ့ရှိ ရပြန်ပါတယ်...။ ဒီနည်း အတိုင်းဘဲ ထမင်းနှစ်ဇွန်းလောက်ကို ခွက်နှစ်ခုထဲကိုထည့် ခွက်တစ်ခုကို "I hate you" လိုအော် စာကပ် နောက်တစ်ခွက်ကို "I love you" လို့အော် စာကပ်ပြီး ရက် အနည်း ငယ် အကြာ မှာဘဲ......I hate you ခွက်ထဲက ထမင်းဟာ မဲပြာရောင် ပြောင်းသွားပေမယ့် "I love you" ခွက်လေးထဲက ထမင်းကတော့ ပုန်မှန် အတိုင်းဘဲ ဆွေးမြေ့ သွားခဲ့ပါတယ်...။ လူ့ခန္ဓာကိုယ်မှာ ရေပါဝင်မှု နှုန်းဟာ 70 ရာခိုင်နှုန်း ရှိနေပါတယ်...။ အမြဲတမ်း အမုန်းတွေပြည့်နေတဲ့ လူရဲ့ ခန္ဓာကိုယ်ထဲက ရေ 70ရာခိုင်နှုန်း ဟာ ဘယ်လောက် ရုပ်ဆိုးပုတ်သိုးနေ မလည်းဆိုတာ စိတ်မှန်းနဲ့တင် တွက်ချက်လို့ရ နိုင်ပါတယ်...။ အမြဲတမ်း အမုန်းတွေနဲ့ပြည့်နေတဲ့ လူစားထားတဲ့ အစာတွေဟာ လည်း ဘယ်လောက်ထိ ပုတ်သိုး နေလိမ့်မလဲ ဆိုတာ ၎င်းစမ်းသက်ချက်နဲ့ တွက်ဆနိုင်ပါတယ်....။ ဒီလိုဆို သူတော်စင်တွေ ဘဝတစ်ပါးပြောင်းလဲ သွား ချိန်မှာ ခန္ဓာကိုယ်ဟာ မပုတ်မသိုး ကျန်ရစ်ခဲ့တယ် ဆိုတာတော့ ယုံမှားသံသယ မဖြစ်နိင်လောက်ပါဘူး...။ ပဌာန်းရွတ် နေစဉ် ရေတွေ ပွက်ပွက် ဆူနေတာဟာလည်း တရားတော်ရဲ့ အစွမ်း သတ္တိ တခုခုကြောင့် လို စပ်ဆက် ခံစားမိပါတော့တယ်....။ မေတ္တာတရားဖြင့် နေ့စဉ် အသက်ရှင်နိုင် ကြပါစေလို့ ဆုမွန်ကောင်းတောင်း၍ ဖော်ပြပေးလိုက်ပါတယ်....။

Source Once A Glance Page

Photo credit Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။