ကိုယ်ဝန်လေးလနဲ့ မြန်မာအလုပ်သမတစ်ဦးအား ထိုင်းလူ

မျိုးတစ်ဦးမှ မည်သူမှမရှိချိန် အခန်းထဲဝင် အတင်းအဓမ္မပြု

ကျင့်

ကိုယ်ဝန်လေးလနဲ့ မြန်မာအလုပ်သမတစ်ဦးအား ထိုင်းလူ

မျိုးတစ်ဦးမှ မည်သူမှမရှိချိန် အခန်းထဲဝင် အတင်းအဓမ္မပြု

ကျင့်ခဲ့ AAC အဖွဲ့ မှတရားခံဖမ်းဆီးမိရေး ထိုင်းရဲတပ်ဖွဲ့ နှင့်

ပူးပေါင်းဆောင်ရွက်နေဆဲ

ထိုင်းနိင်ငံ စာမွတ်စာခွန်ခရိုင် မဟာချိုင် ဘန့်ဖရောင်း

မြို့နယ်တွင် နေထိုင်ရင်းအလုပ်လုပ်ကိုင်နေသော မြန်မာ

အလုပ်သမလေး မ_____အသက် ၂၃ နှစ်အား နေ့ခင်း(၁)

နာရီခွဲအချိန်ခန့်တွင် မြန်မာအလုပ်သမားများရဲ့ အခန်းများ

ကို အခန်းဖောက်ခိုးယူနေသော ထိုင်းလူမျိုးတစ်ဦးမှအခန်း

ထဲဝင် အတင်းအဓမ္မပြုကျင့်ခဲ့ပါတယ်။

..

ကိုယ်ဝန်ဆောင်ထားရသောကြောင့် အလုပ်မှ ခေတ္တခွင့်ယူ

၍ အခန်းတွင်အနားယူနေခဲ့ရာ ပန်ကာပျက်နေသဖြင့် အ

ခန်းတံခါးဖွင့် အိပ်နေစဉ် ပစ္စည်းခိုးသောထိုင်းလူမျိုးမှ ရုပ်

ရည်သန့်ပြန့်သော သူမအား တွေ့မြင်ခဲ့ရာ စိတ်ပြောင်းသွား

ပြီး အဓမ္မကျင့်ဖို့ကြိုးစားရာ သူမက''ယောကျာင်္းရှိပါကြောင်း

လက်ရှိကိုယ်ဝန်လည်းလေးလရှိနေပါကြောင်း''တောင်းပန်

ရင်း ကာမဘီလူးကို အရှုံးမပေးပဲ အတင်းရုန်းကန်နေစဉ်

သူမအော်ဟစ်အကူအညီတောင်းတာကြောင့် အသက် ၃၀

ကျော်ခန့် ထိုင်းလူမျိုးဟာ သူမရဲ့ ဖုန်းတစ်လုံးယူပြီး ထွက်

ပြေးလွတ်မြောက်သွားပါတယ်။

..

သူမ အဖြစ်ကိုသိပြီး အလုပ်မှအခန်းပြန်လာသော အမျိုး

သားဖြစ်သူမှ AAC အဖွဲ့ ထံ အကူအညီတောင်းခံခဲ့ရာ

AAC အဖွဲ့ ဝင်များ အခင်းဖြစ်ရာနေရာသို့ ချက်ချင်းသွား

ရောက်ကာ ထိုင်းအာဏာပိုင်များနှင့်ပူးပေါင်း၍ တရားခံဖမ်း

ဆီးမိနိင်ရေး အမြန်ဆုံးဆောင်ရွက်နေပါတယ်။

AAC အဖွဲ့ရဲ့ အမျိုးသမီးရေးရာအပိုင်းတာဝန်ယူထားသူ

AAC အဖွဲ့ ဝင်မခခလှိုုင်နှင့်တွဲဖက်မိန်းကလေးများကလဲ

မ ----- အတွက် ကျန်းမာရေးပိုင်းဆေးစစ်ချက်ရယူခြင်း

များကို အချိန်နဲ့တစ်ပြေးညီဆောင်ရွက်နေပါသည်။

ပုံ- ဘန့်ဖရောင်းရဲစခန်းနှင့် ဆေးရုံတွင် မ ----- နှင့် ဌင်းရဲ့

အမျိုးသား အပါအဝင် AAC များအား ယနေ့တွေ့ရစဉ်

မြန်မာလုပ်သားရှေ့က ရပ်တည်ပြီး အမှန်တရားအတွက်

ဆက်လက်ရှင်သန်နေဆဲ`ပါလို့

AAC မဟာမိတ် အဖွဲ့ (ထိုင်းအခြေစိုက်)မှ ရေးသားထားပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။