အရှေ့တောင်အာရှ အားကစားပွဲတော်ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင်ဖိုအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ပဏမကစားသမား၃၀ကို ထုတ်ပြန်လိုက်ပါတယ်။ ဖိလစ်ပိုင်ဆီးဂိမ်းစ်အတွက် ပြင်ဆင်လေ့ကျင့်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ပဏာမ ကစားသမား ၃၀ဦးဖြင့် စတင်လေ့ကျင့်မည်ဖြစ်ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ပြိုင်ပွဲအကြိုပြင်ဆင်မှုအနေဖြင့် နိုဝင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ တရုတ်နိုင်ငံ ချုံကင်းမြို့တွင်ဘရာဇီးလ်၊ နယူးဇီလန်၊အိမ်ရှင်တရုတ်အသင်းတိုနှင့် အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

အဆိုပါပြိုင်ပွဲအမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲပြီးရင် နိုဝင်ဘာ ၂၀ ရက်တွင်တရုတ်(တိုင်ပေ) အသင်းနှင့် ဆီးဂိမ်းစ် အကြိုခြေစမ်းပွဲအား ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ်ပါတယ်။ မြန်မာအသင်းရဲ့ လူစာရင်းတွင် ယူ၁၉ကစားသမားတွေ ပါဝင်နေပြီး အတွေ့အကြုံရှိတဲ့ ကစားသမားတွေနဲ့ ခြေစွမ်းကောင်းမွန်တဲ့လူငယ်ကစာသမားတွေကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

source: MFF ' s facebook  

photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။