ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)တို့ ပူးပေါင်းဖွင့်လှစ်သည့် " MFF C Coaching Certificate Course " နည်းပြသင်တန်းကို စက်တင်ဘာ ၃၀ ရက်မှ စတင် သင်ကြားပေးလျက်ရှိသည်။သင်တန်းနည်းပြဆရာများအဖြစ် MFF Youth Development Director ဦးညီညီလတ်နှင့် ဦးကြည်နိုင်တို့ကဆောင်ရွက်ခဲ့ပါတယ်။

PHOTO CREDIT: MFF 's facebook
PHOTO CREDIT: MFF 's facebook

အဆိုပါနည်းပြသင်တန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်း သား၊ သင်တန်းသူ စုစုပေါင်း ၃၇ ဦး တက်ရောက်သင်ကြားလျက်ရှိပါတယ်။ အဆိုပါသင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ပြီး နိုဝင်ဘာ ၅ ရက်နေ့ အထိ သင်ကြားပေးသွားမည်ဖြစ်ပါတယ်။

PHOTO CREDIT: MFF 's facebook
PHOTO CREDIT: MFF 's facebook

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် လာမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၄ နှစ်အောက် ပြိုင်ပွဲများနှင့် သက်တမ်းအလိုက် ပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်ကြမည့် နည်းပြကောင်းများ ပေါ်ထွက်လာရေး အတွက် ရည်ရွယ်ပြီး အဆိုပါသင်တန်းများ အားဖွင့်လှစ်ပို့ချခြင်းဖြစ်ပါတယ်။

PHOTO CREDIT: MFF 's facebook
PHOTO CREDIT: MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။