ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာစုံလင်ကို တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကနေ အခုတစ်ခါမှာဆိုရင်တော့ သဘာဝလွန်ဖြစ်ရပ်ဆန်းများကို သဘောကျနှစ်သက်သူများအတွက် နာမည်ကြီး အမေရိကန်သမ္မတဟောင်း အေဗရာဟင်လင်ကွန်းနဲ့ ပတ်သက်သော ထူးခြားဖြစ်စဉ်တွေပဲဖြစ်ပါတယ်....။ ဆုံးပါးသွားပြီဖြစ်တဲ့ သမ္မတကြီးလင်ကွန်းဟာ အမေရိကန်သမ္မတတွေထဲမှာ အကျော်အမော်တစ်ဦးဖြစ်ပြီး အခုအချိန်ထိတိုင် သူ့ရဲ့ အငွေ့အသက်များက ခြောက်ခြားဖွယ်ဖြစ်ရပ်ဆန်းတွေဖြင့် အိမ်ဖြူတော်သို့ သွားရောက်လည်ပတ်ကြသူများ၊ နောက်တက်လာသည့် သမ္မတတွေကြားမှာ ရေပန်းစားပျံ့နှံ့လျက်ရှိပါတယ်.....။ ၁၈၀၀ ပြည့်နှစ်မှစ၍ နေထိုင်၊ရုံးစိုက်ရာ အိမ်ဖြူတော်တွင် သရဲတစ္ဆေ ဇာတ်လမ်းများ၊ ယုံတမ်းစကားများ အများအပြားရှိခဲ့သော်လည်း ယခုဖော်ပြမယ့် ဇာတ်လမ်းသည်ကား သမ္မတ ရော်နယ်ရီဂင်ကိုယ်တိုင် သူ၏နှုတ်မှပြောခဲ့သော သမ္မတလင်ကွန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာများ ဖြစ်ပါတယ်...။

photo credit pngtree

အိမ်ဖြူတော်တွင် သမ္မတရော်နယ်ရီဂင်သည် "Lucky" ဆိုတဲ့ခွေးလေးမွေးပြီးမှ "Rex" ဆိုတဲ့ခွေးလေးကို ထပ်မံမွေးခဲ့ရာ "Rex"သည် သမ္မလင်ကွန်းအိပ်စက်ခဲ့သည့် အိပ်ခန်းကို ကြည့်ကာ မကြာခဏ စူးစူးရှရှ ဟောင်တတ်သည်ကို သမ္မတကြီးကသတိထားခဲ့မိပါတယ်....။ ထို့သို့ ဟောင်အပြီးတွင်လည်း အပြင်ဘက်သို့ ကြည့်ကာ ဟောင်နေတတ်ပြန်ပါတယ်....။ တစ်ညတွင် ရော်နယ်ရီဂင်နှင့် ဇနီးဖြစ်သူတို့ အခန်းတွင် တီဗွီကြည့်နေကြစဉ် "Rex သည်" မတတ် ရပ်ကာ မျက်နှာကြက်ဆီသို့ကြည့်လျက် နှာခေါင်းရှုံ့ပွပွ လုပ်ပြီး အပေါ်မှ မမြင်ရသော တစ်စုံတစ်ရာကို တောက်လျှောက်ဟောင်နေခဲ့သည်မှာ တကယ်ပင် အံ့သြဖွယ်ကောင်းလှပါတယ်....။ သမ္မတရော်နယ်ရီဂင်ရဲ့ အပြောရ "သမီးနဲ့ သားမက်ဖြစ်သူ လာလည်ကြတဲ့အခါ သမ္မတလင်ကွန်းရဲ့ အခန်းမှာဘဲ အိပ်ကြပါတယ်....။ တစ်ရက်ကျတော့ သားမက်ဖြစ်သူ အိပ်ရာထတဲ့အခါ ပြူတင်းပေါက်နားမှာ လူတစ်ယောက်ရပ်နေတာကို တိုးလျှိုပေါက်မြင်နေရပြီး သူ့ဘက်လှည့်ကြည့်လိုက်တော့ ပျောက်သွားရောတဲ့ဗျ...။ ထိုအကြောင်းကို သူ့မိန်းမထံ ပြန်ပြောပြတဲ့အခါ မယုံတဲ့အပြင် တစ်လလောက် လှောင်ပြောင်နေခဲ့တယ်လေ"...။ “နောက်တစ်ခေါက် သူတို့ လာလည်တော့ ကျွန်တော့် အမီးအလှည့် ဖြစ်သွားပြီ ထင်ပါရဲ့.....၊ တစ်မနက် သူအိပ်ယာက အထ ပြူတင်းပေါက်နားကနေ ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်...၊ ကျွန်တော့်သမီးက အဲ့ဒီလူရဲ့ ကိုယ်လုံးကို ဖောက်ပြီး အပြင်ကအပင် တွေကို မြင်နေရသတဲ့ဗျာ....၊ အဲ့ဒီလူက ကျွန်တော့်သမီးကို လှည့်ကြည့်ပြီး ပျောက်သွားပါတယ်....”လို့ဆိုခဲ့ပါတယ်....။

photo credit pngtree

နောက်ပိုင်းတွင် အိမ်ဖြူတော်တစ္ဆေများကို သုတေသန လုပ်ကြည့်ခဲ့ပါတယ်....။ အမေရိကန်သမ္မတဟောင်း ဒါဇင်ဝက်ကျော်နှင့် သူတို့၏ ဇနီးများသည် အိမ်ဖြူတော်မှ ခြောက်ခြားဖွယ်ရာ ကိစ္စများနှင့် ကြုံခဲ့သည်ဟု ဆိုကြပါတယ်...။ အိမ်ဖြူတော် တစ္ဆေများ အနက် လင်ကွန်းသည် အခြောက်လှန့်ဆုံး နာနာဘာဝပင်ဖြစ်ပါတယ်...။ တစ္ဆေကြီးလင်ကွန်းဟာ တစ်ခါက ဆာဝင်စတန်ချာချီကို ခြောက်လှန့်ခဲ့ပါတယ်....။ ရေချိုးခန်းမှ ထွက်လာကာ ဆေးပြင်းလိပ်ရှာနေသည့် ချာချီ့ကို လင်ကွန်းက ကိုယ်ထင်ပြခဲ့ရာ ချာချီက ထိုအခန်းတွင် အိပ်ရန် ငြင်းဆန်ခဲ့ပါတော့တယ်...။ နယ်သာလန် ဘုရင်မ "Queen Wilhelmina" အိမ်ဖြူတော်သို့ ရောက်ရှိနေစဉ် သူတည်းခိုနေသည့်အခန်း ကို တံခါး လာခေါက် သဖြင့် တံခါးထဖွင့်လိုက်ရာ မတ်တတ်ရပ်နေသော လင်ကွန်းကို မြင်လိုက်ရသဖြင့် သတိလစ်မေ့မျောသွားခဲ့ဖူးပါတယ်...။ မကြခဏ တစ္ဆေခြောက်သည့် လင်ကွန်း၏ အိပ်ခန်းသည် သူသမ္မတ တာဝန်ထမ်းဆောင်ခဲ့စဉ်က လွတ်လပ်မှုနှင့် အခွင့်အရေး ကြေညာ စာတမ်းကို လက်မှတ်ရေးထိုးခဲ့သည့် အစိုးရအဖွဲ့ ရုံးခန်းသာဖြစ်ပါတယ်...။ သမ္မတအေဗရာဟင်လင်ကွန်းနှင့် သူ့ဇနီးတို့သည် တစ်ချိန်က အိမ်ဖြူတော်သို့ နတ်ဆရာပင့်ကာ သူတို့သားလေး၏ ဝိဉာဉ်ကို အခေါ်ခိုင်းခဲ့ကြောင်း လူအများ သိရှိပြီးသားဖြစ်ပါတယ်...။ လင်းကွန်းတို့မောင်နှံက ကွယ်လွန်သွားသော သူတို့သားလေးအား တောင်တန်းများတွင် လမ်းလျှောက်နေသည်ကို တွေ့ကြရသဖြင့် နတ်ဆရာကို အိမ်ဖြူတော်သို့ ခေါ်ကာ သူတို့သားလေး၏ ဝိဉာဉ်နှင့် စကားပြောရန် ကြိုးပမ်းခဲ့ကြတယ်လို့ ဆိုပါတယ်...။ "Calvin Coolidge"၏ ဇနီးဖြစ်သူကလည်း အိမ်ဖြူတော်၏ ဘဲဥပုံရုံးခန်း၏ ပြူတင်းပေါက်အနီးဝယ် (ရော်နယ်ရီဂင်၏ သမီးဖြစ်သူ မြင်ခဲ့ရသည့် အနေအထားအတိုင်း) လက်နောက်ပစ်ကာ အပြင်သို့ ရပ်ကြည့်နေသော လင်ကွန်းကို တွေ့ခဲ့ရသည်ဟု ဆိုပါတယ်...။ "Franklin Roosevelt"၏ ကားအစောင့်ကလည်း တစ်ခါက လင်ကွန်းကို တွေ့လိုက်ရသဖြင့် အော်ဟစ်ကာ ထွက်ပြေးသွားခဲ့ဖူးပါတယ်...။ သမ္မတဂျွန်ဆင် နှင့် ဂျရယ်ဖို့၏ သမီးဆူဆန်တို့ သည်လည်း လင်ကွန်းကို မီးလင်းဖို အနီးတွင် မြင်တွေ့ခဲ့ကြဖူးပါတယ်...။ သမ္မတဟောင်း အိုဘားမားသည်လည်း လင်ကွန်းတစ္ဆေ တံခါးလာခေါက်ခြင်းမျိုးနှင့် ကြုံတွေ့ဖူးခြင်းရှိ၊ မရှိ သို့မဟုတ် ပါကလည်း အိုဘားမား၏ ခွေး "Beau" သည် ရော်နယ်ရီဂင်၏ ခွေး "Rex" ကဲ့သို့ ထိပ်လန့် ကြောက်ရွံ့ခဲ့ဖူးခြင်း ရှိမရှိကို သိလိုသူများရှိနေပါတယ်....။

source မောင်သာ(ရှေးဟောင်းသုတေသန)

photo credit pngtree 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။