ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်း ML မှာကားပတ်မောင်းတဲ့ Hero ဆိုလို့ Johnson ပဲရှိပါတယ်။ သူကိုလူအတော်အများကိုင်ကြရတာ ဘာလို့ကြိုက်နှစ်သက်လဲဆိုရင် သူရဲ့ Ulti ဖြစ်တဲ့ ကားပြောင်းပြီး ပတ်မောင်းလို့ရလို့ပဲဖြစ်ပါတယ်။ အဲ့အပြင် အသင်းအတွက်လဲ Tank ပိပိ ခံလို့ကောင်းတာမို့ လူတော်တော်များများကြိုက်ကြပါတယ်။ နောက်ပိုင်း Tank တွေထွက်လာပေမဲ့လဲ ယနေ့ချိန်ထိ သူ့ကို ကိုင်ကြတဲ့ သူတွေရှိနေပါသေးတယ်။ နောက်ပိုင်းထွက်လာတဲ့ Tank တွေဟာလဲ တော်တော်လေးမိုက်နေပေမဲ့ Johnson Ulti နဲ့ တခြားသော Hero Ulti တွေနဲ့ပေါင်းလိုက်ရင် Battle နိုင်ချေများတာမို့ ကိုင်နေကြတုန်းပါ။ 

Photo Credit : Screenshot From Mobile Legends Game

Skill 1ကတော့ Spanner နဲ့လှမ်းပစ်လိုက်တာဖြစ်ပြီး Magic Damage ထိစေကာ အဲ့ Spanner ကျရာနေရာမှာရှိရင် မူးနေစေပါတယ်။ Skill 2ကတော့ သူရဲ့ ဒိုင်းကို အပေါ်မြောက်လိုက်တာဖြစ်ပြီး အရှေ့ကိုယပ်တောင်ပုံစံ သံလိုက်စက်ကွင်းတွေထွက်နေကာ Magic Damage ထိစေပါတယ်။ အဲ့ချိန်မှာ Skill 1ရော Basic Attack ပါသုံးလို့ရပါတယ်။ Ultimate ကတော့ Johnson ဟာခုန်လိုက်တာဖြစ်ပြီး ကားပုံစံပြောင်းလိုက်ပြီး သူဖြေးဖြေးလေးသွားနေတဲ့ချိန် ကိုယ့်အသင်းက တစ်ယောက်ကို ကားပေါ်တင်နိုင်ပါတယ်။ အချိန်ပြည့်သွားရင် ကားကအြမန်သွားမှာဖြစ်ပြီး ရန်သူနဲ့ထိသွားတဲ့အခါပေါက်ကွဲသွားမှာဖြစ်ပြီး ထိတဲ့သူက မူးနေစေမှာပါ။ အဲ့နောက်မှာတော့ သူတိုက်ရာနေရာအောက်မှာ လျှပ်စစ်ကွင်းကြီးရှိနေကာ အဲ့အပေါ်ရောက်နေတဲ့ ရန်သူတွေအကုန်နှေးနေစေပြီး Magic Damage ထိနေစေမှာပါ။  

Photo Credit : Screenshot From Mobile Legends Game

ကားပြောင်းပြီး အမြန်ထွက်ချင်တယ်ဆိုရင် အဲ့ Ulti ကိုနောက်တစ်ချက်ထိလိုက်ပါ။ Passive ကတော့ သူသွေး ၃၀ရာခိုင်နှုန်းအောက်ရောက်နေပြီဆိုရင် Shield တစ်ခုတက်လာမှာဖြစ်ပြီး သူရဲ့ Armor လောက် Damage တွေကို စုပ်နေမှာဖြစ်ပါတယ်။ Battle ဆိုင်ပြီးဆိုရင် ကိုယ့်ရဲအသင်းထဲက AOE ပါတဲ့ Hero ကိုကားပေါ်တင်ပြီး ပြေးတိုက်ပါ၊ အဲ့နောက် Skill 1သုံးပြီး Skill 2 သုံးလိုက်ပါ။ ကိုယ့်အသင်းရဲ့ Battle နိုင်ချေက Johnson ရဲ့ ကားတိုက်တတ်တဲ့ ပုံပေါ်မူတည်ပါတယ်။ ဒါကြောင့် Ulti ကိုကောင်းကောင်း အသုံးချတက်ရင် ရပါပြီ။ Emblem နဲ့ Item တွေကိုတော့ Global 1 ကဟာကို ဖော်ပြထားပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။