ပွဲစကတည်းက Ulti ကို သုံးလို့ရတယ် Hero ကနည်းပါတယ်။ အဲ့လို Ulti ကိုတန်းသုံးလို့ရတဲ့ထဲက Hero ဖြစ်တဲ့ Roger ကတော့ Fighter ဆန်ပါတယ်။ သူရဲ့ မူလ Role က MM ဖြစ်ပေမဲ့လဲ Fighter ပုံစံပဲမို့ ကိုင်လို့ကောင်းပါတယ်။ လူကိုင်တာနည်းသွားပေမဲ့ တကယ်တမ်းပြောရရင် ယနေ့ချိန်ထိ သူဟာ မအိုသေးပါဘူး။ ကိုင်တက်ရင် ထန်းမရလောက်အောင် ကြမ်းပါတယ်။ ထွက်ပြေးလို့လဲကောင်းပြီး Item စုံရင် 2 vs 1 လောက်ကအေးဆေးပါပဲ။ 3 vs 1 ကျတော့ နည်းနည်းခတ်လာပြီး ကိုင်တက်ရင်တော့ အဆင်ပြေပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

Roger ရဲ့ Passive ကတော့ လူသားပုံစံရဲ့ Basic Attackက ရန်သူရွှေ့လျားနှုန်းကို ၂၀ရာခိုင်နှုန်းနှေးစေပါတယ်။ ဝံပုလွေ ပုံစံနဲ့ဆိုရင်တော့ Basic Attack ကရန်သူရဲ့လျော့နေတဲ့ သွေးပမဏရာခိုင်နှုန်းလောက် တက်နေစေမှာဖြစ်ပါတယ်။ တောထဲကကောင်တွေအတွက်ကတော့ Damage ၆၀ တိုးစေပါတယ်။ လူပုံစံ Skill 1 ကတော့ ကျည်ဆံနှစ်ခုကို အမြန်ပစ်လိုက်တာဖြစ်ပြီး Physical Damage ထိစေပါတယ်။ ပထမတစ်ချက်က ရန်သူကိုနှေးစေပြီး ဒုတိယ တစ်ချက်က Enemy ရဲ့ Defense ကို ၁၀ ကျစေပါတယ်။ Skill 2ကတော့ ၂.၅စက္ကန် သူရဲ့ရွှေ့လျားနှုန်းကို ၅၀ရာခိုင်နှုန်းပိုမြန်စေပါတယ်။ Ulti ကတော့ အရှေ့ကိုခုန်လိုက်ကာ ဝံပုလွေ ပုံစံပြောင်းလိုက်တာပဲဖြစ်ပါတယ်။ အဲ့ချိန်သူကျရာနေရာမှာ Physical Damage ထိစေမှာဖြစ်ပြီး ရန်သူရွှေ့လျားနှုန်းကို ၁.၅စက္ကန့်ကြာ ၉၀ရာခိုင်နှုန်းနှေးနေစေမှာဖြစ်ပါတယ်။ physical နဲ့ magic defense 25 ထိတိုးလာပြီး ရွှေ့လျားနှုန်း ၂၅တိုးပေးမှာဖြစ်ပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

ဝံပုလွေပုံစံ Skill 1 ကတော့ ရန်သူ ၃ယောက်လောက်ကို အမြန်ခုန်ခုတ်သွားမှာဖြစ်ပြီး Physical Damage ထိကာ ကိုယ်က သတ်နိုင်သည်ဖြစ်စေ ကိုယ်ကသတ်ဖို့ကူညီသည်ဖြစ်စေ အဲ့ Skill ရဲ့ CD က ၈၀ရာခိုင်နှုန်းလျော့ချပေးပါတယ်။ Skill 2ကတော့ ၄စက္ကန့်ကြာ တိုက်ခိုက်နှုန်း ၁၅ရာခိုင်နှုန်းမြန်နေစေမှာဖြစ်ပြီး ရန်သူသွေး ၄၀ရာခိုင်နှုန်းအောက်ရောက်ပြီးဆိုရင် သူရဲ့ ရွှေ့လျားနှုန်းက ၅၀ရာခိုင်နှုန်းတိုစေမှာပါ။ Ulti ကတော့ လူကပုံစံပြန်ပြောင်းပြီး Level အလိုက် ၁.၅စက္ကန့်ကြာအောင် Shield လေးတစ်ခုရပါလိမ့်မယ်။  

Photo Credit : Screenshot From Mobile Legends Game

Battle ဆိုရင် ဝံပုလွေပုံစံပြောင်းကာ Skill 1 သုံးပြီးနောက် 2 သုံးပြီး ရိုးရိုးတန်းတန်း ခုတ်ပါ။ ခုတ်ချက်တွေက မြန်တာမို့ ရန်သူတွေကို အချိန်ခဏလေးအတွင်းသေစေနိုင်ပါတယ်။ အဲ့လို့မှမသေပဲပြေးနေရင် လူပြန်ပြောင်းကာ 2 လေးသုံးပြီး 1 နဲ့ထိအောင်ပြေးပြီးသတ်ပါ။ ထွက်ပြေးရင်လဲ ဝံပုလွေပြောင်းလိုက် လူပြောင်းလိုက် 2 လေးသုံးလိုက် ဝံပုလွေ ပြောင်းလိုက်လုပ်ပြီး ပြေးပါ။ Item နဲ့ Emblem တွေကတော့ Global 1 ကသူရဲ့ဟာကို ဖော်ပြထားပါတယ်။ အဆင်ပြေပါစေ။  

Photo Credit : Screenshot From Mobile Legends Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။