၁၉၈၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ပင်ဆီဗာနီးယားပြည်နယ်၏ ဘဏ္ဍာစိုးအရာရှိ ဘပ်ဒ်ဒွိုင်ရာသည် ငွေကြေးအလွဲ သုံးစားမှု များပြုလုပ်ခဲ့သဖြင့် ထောင်ကျမည့် အခြေအနေသို့ ရောက်နေခဲ့ပါတယ်....။ ထောင်ဒဏ် ၅၅ နှစ်အထိ ကျခံရန် နှင့် ဒဏ်ငွေ ဒေါ်လာသုံးသိန်း အထိ ပေးဆောင်ရန် အပြစ်ဒဏ်ခံရမည့် အချိန်တွင် ဘပ်ဒ်ဒွိုင်ရာသည် သတင်းစာသမားများကိုခေါ်ယူကာ သူ၏ရုံးခန်း၌ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ရန် စီစဉ်ခဲ့ရာ အများက ဘပ်ဒ်ဒွိုင်ရာ အလုပ်တာဝန်များမှ နှုတ်ထွက်ခြင်းကို ကြေညာလိမ့်မည်ဟု ယူဆထားခဲ့ကြပါတယ်..။ သတင်းစာသမားများ၏ ကင်မရာများရှေ့တွင် ဘပ်ဒ်ဒွိုင်ရာသည် အသင့်ပြင်ဆင်ထားသော စာရွက် တစ်ရွက်ကို ထုတ်ကာ ဖတ်ကြားခဲ့ပါတယ်...။

photo credit pngtree

မိမိသည် ပြည်နယ် ဘဏ္ဍာစိုးတာဝန်မှ နှုတ်ထွက်မည် မဟုတ်ကြောင်း၊နာရီပေါင်းများစွာ အချိန်ယူ စဉ်းစားပြီးမှ မိမိ သည် မည်သူ့ အတွက်မှ စံပြ မဖြစ်စေရန် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ကြောင်၊ မိမိအခြေအနေကို မည်သည့် အရာနှင့်မျှ မနှိုင်းယှဉ် နိုင်ကြောင်း၊အတွေးတိမ်သူများ အတွက် မိမိလုပ်ရပ်သည်ပုံပြင်တစ်ခုသာ ဖြစ်နိုင်သော်လည်း အတွေးနက်သူများအတွက် မိမိ၏ ရည်မှန်းချက်နှင့် ရလာဒ်များကို သိရှိမည်ဖြစ်ကြောင်း မိမိ သည် မိမိ၏ ရုံးခန်းအတွင်းမှပင် မိမိကိုယ်မိမိ ပစ်သတ်မည်ဖြစ်ကြောင်း၊ သူ၏ လုပ်ရပ်ကို သတင်းစာ၊ မဂ္ဂဇင်းများတွင် ဖော်ပြပေးစေလိုကြောင်း၊ စိတ်မခိုင်သူများ အခန်းတွင်းမှ ထွက်သွားစေလိုကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါတယ်...။

photo credit pngtree

တစ် မှ သုံးအထိ မရေတွက်မီ အားလုံးကိုနှုတ်ဆက်ပါကြောင်း၊ အသက်ကိုစွန့်လွှတ်ခြင်းသည် အချည်းနီးမဟုတ်ပါကြောင်း ပြောဆိုကာ သူ့ဝန်ထမ်းအား သူ့ဇနီးကိုပေးရန် စာအိတ်တစ်အိတ် ပေးလိုက်ပါတယ်...။ ထို့နောက် အခြားစာအိတ်တစ်လုံးထဲမှ ဒသမ ၃၅၇ ပစ္စတို သေနတ်ကို ထုတ်ယူလိုက်ကာ “ကျွန်တော့် လုပ်ရပ်ကြောင့် တစ်စုံတစ်ရာ ထိခိုက်ခံရမယ့်လို့ ယူဆသူများ အခန်းထဲမှ ထွက်ပေး ကြရန် မေတ္တာရပ်ခံပါတယ်” ဟုပြောဆိုကာ ပါးစပ်အတွင်းသို့ ပစ္စတိုပြောင်းကို ထည့်လိုက်ပြီး မောင်းကို ဆွဲချလိုက်ပါတယ်...။ ထူးဆန်းလှ သည့် ဘပ်ဒ်ဒွိုင်ရာ၏ သေကြောင်းကြံစည်မှုကို အစအဆုံး ရုပ်သံရိုက်ကူးနိုင်ခဲ့ပါတယ်...။

source မောင်သာ(ရှေးဟောင်းသုတေသန)

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။