အနုပညာလောကမှာ မှတ်တိုင်တစ်ခုစိုက်ထူသွားနိုင်သူ ၊ လူသာသေပေမယ့် နာမည်မသေခဲ့တဲ့သူ ၊တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ရတဲ့ ရုပ်ရှင်မင်းသား ဒွေးသာ..ဒီနေ့လိုအချိန်ထိ အသက်ရှင်နေခဲ့ဦးမယ်ဆိုရင်ဖြင့် သူ့ရဲ့ (၅၁)နှစ်မြောက် မွေးနေ့ဖြစ်မှာပါ။

သဘာဝမင်းသားလို့ တင်စားကြတဲ့ ဒွေး(ကိုသားကြီး) ရဲ့ မေလ(၇)ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ကို ချစ်သူခင်သူအပေါင်း ဘယ်သူမှ မမေ့ခဲ့ပါဘူး ။

ကိုသားကြီးနဲ့ ညီအကိုအရင်းချာလို ချစ်ခင်ရတဲ့ သရုပ်ဆောင် ဇွဲနိုင်ဝင်းကတော့ နှစ်စဉ်နှစ်တိုင်း မွေးနေ့ဖြစ်ဖြစ် နှစ်ပတ်လည်နေ့ဖြစ်ဖြစ် ရောက်တိုင်း အမြဲတမ်းကုသိုလ်ကောင်းမှုတွေလုပ်ပေးလေ့ရှိပါတယ်။

ဒီနေ့မနက်မှာတော့ ဇွဲနိုင်ဝင်း ဟာ ဒွေးအတွက် ရွှေတိဂုံဘုရား အထက်ပစ္စယံမှာ မေတ္တာသုတ်ဂါထာတော်နဲ့ (၂၄)ပစ္စည်း ပဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပူဇော်ကန်တော့ပြီး အောင်မြင်မှ အာရုဏ်ဆွမ်းဆပ်ကပ်လှုဒါန်းခြင်းတွေပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

“အစ်ကိုနဲ့အတူ ခုနှစ်ရက်သားသမီးများ ရာဟုပါမကျန် အားလုံးအတွက် ကုသိုလ်ပြုပြီး ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ အစ်ကိုသာဓုခေါ်ပေးပါနော် နတ်လူအပေါင်းလည်း သာဓုခေါ်နိုင်ပါစေ

သတိရခြင်းများစွာဖြင့် စိန်လူသား (၇.၅.၂၀၁၇)” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်မှာ ဘုရားရောက်နေတဲ့ ပုံလေးတွေတင်ထားတာပါ။

ကိုသားကြီးကို လေးစားချစ်ခင်တဲ့ ဇွဲနိုင်ဝင်းအတွက် ရော ကိုသားကြီးအတွက်ပါ ဆုတောင်းပေးလိုက်ပါဦး ပရိသတ်ကြီးရေ။  

သတင်းအရင်းမြစ် Zwe Naing Win fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။