တရုတ်(တိုင်ပေ) ဘောလုံး အဖွဲ့ချုပ်က အိမ်ရှင်အဖြစ် ဖိတ်ခေါ်ကျင်းပသည့် တရုတ်(တိုင်ပေ)ယူ၁၉ ဖိတ်ခေါ်ဖလားတွင် ဒုတိယဆု ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင် ယူ၁၉ အသင်းဟာ မနေ့ည ညနေပိုင်းက ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မြန်မာလက်ရွေးစင်အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပါတယ်။

photo credit : MFF' s facebook
photo credit : MFF' s facebook

မြန်မာ ယူ၁၉ အသင်းအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြပါတယ်။ မြန်မာလက်ရွေးစင်အသင်းဟာ ဟောင်ကောင်အသင်းကို ၆ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

photo credit : MFF' s facebook
photo credit : MFF' s facebook
photo credit : MFF' s facebook

မြန်မာ့လက်ရွေးစင် ယူ၁၉ အသင်းဟာ Gibraltarယူ၁၉ အသင်းကိုလဲ ၂ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ CHINESE TAIPEI ယူ၁၉ အသင်းကို ၁ဂိုး ဂိုးမရှိနဲ့ ကပ်ပြီး ရှုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ယူ၁၉ အသင်းရဲ့ ခြေစွမ်းကိုတော့ ပရိသတ်တွေက အတော်လေးကို သဘောကျနေကြပါတယ်။

source: MFF' s facebook 

photo credit : MFF' s facebook
photo credit : MFF' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။